လယ်ယာမြေ ပြန်ရရေး ဆန္ဒပြ

farmers

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, သိမ်းဆည်းခံ လယ်မြေ ပြဿနာ ကျယ်ကျယ်ပြန့်ပြန့် ရှိနေသေး

စစ်အစိုးရ လက်ထက်က ဆင်ခြေဖုံး ဒေသ မြို့နယ်တွေမှာ အကျိုးတူ လုပ်ကိုင်မယ်ဆိုပြီး ကုမ္ပဏီ ၁၆ ခုက သိမ်းယူထားတဲ့ လယ်မြေတွေ ပြန်ရရေး အတွက် လယ်ယာမြေ ပြန်လည် ခွဲဝေရေး ဆိုင်ရာ ဥပေဒ တရပ်ကို လွှတ်တော်က ပြဌာန်းပေးဖို့ အဲဒီ ကုမ္ပဏီ ၁၆ ခုရုံးတွေရှိတဲ့ ဒဂုန် ဆိပ်ကမ်း မြို့နယ်က ပင်လယ် ကိုးသွယ် ကုမ္ပဏီရှေ့မှာ လယ်သမား ၃၀၀ လောက် ဆန္ဒပြခဲ့ပါတယ်။

လယ်သမား တွေအနေနဲ့ လွှတ်တော်ရှေ့ ဆန္ဒပြဖို့ နေပြည်တော်ကို သွားရောက်ဖို့ အခြေအနေ မပေးသလို၊ လွှတ်တော်ကိုယ်စားလှယ်တွေ ဆီ သွားရောက် တောင်းဆိုတဲ့ နည်း နဲ့လည်း မထိရောက် နိုင်ဘူးလို့ လယ်သမား တွေရဲ့ အကျိုး ဆောင်ရွက်တဲ့ ဥပဒေ အတိုင်ပင်ခံ ကိုဖိုးဖြူက ပြောပါတယ်။

လယ်သမားတွေကိုယ်တိုင် ပြည်သူ့ အဝန်းအဝိုင်းထဲမှာ ပြည်သူ့နည်းနဲ့ တောင်းဆိုခြင်းနည်းနဲ့သာ သူတို့ လိုလားချက်တွေ ရနိုင်မယ်လို့ ယုံကြည်တဲ့ အတွက် အခုလို ဆန္ဒပြ တောင်းဆိုတာပါ လို့လည်း ကိုဖိုးဖြူက ဆိုပါတယ်။

လယ်သမားတွေဟာ သူတို့ လယ်မြေတွေကို လက်ရောက်ပြန်လည် ရယူရေး အတွက် ထွန်တုံးတိုက်ပွဲနဲ့ ဝင်ရောက်ထွန်ယက်တာတွေ ကိုလည်း လုပ်ခဲ့တယ်လို့ ကိုဖိုးဖြူက ပြောပါတယ်။