မြန်မာ ရုပ်ရှင် ဆင်ဆာ တချို့ လျှော့ပေး

ဓာတ်ပုံ ရင်းမြစ်, AP
မြန်မာပြည်က ဆင်းရဲ နွမ်းပါးတာ ၊ အဂတိ လိုက်စား ပြီး ဝန်ထမ်းတွေ မှားယွင်း ကျင့်ကြံ တာတွေကို အနုပညာနဲ့ တင်ပြ ပါရစေလို့ မြန်မာ နိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌသစ် ဦးဇင်ဝိုင်း က ဘီဘီစီကို ပြောကြား ခဲ့ပါတယ်။
ကလေးသူငယ်၊ ရာဇဝတ်မှု စတဲ့ အရေး သိပ်မကြီး တဲ့ အချက် ၄ ချက် ကိုသာ ဆင်ဆာ အဖွဲ့က လွှတ်ပေးခဲ့ပြီး နိုင်ငံရေး၊ တိုင်းရင်းသား ရေး၊ အချုပ်အခြာ အာဏာ၊ ဘာသာရေး၊ ယဉ်ကျေးမှု စတဲ့ ၆ ချက်ကို ထိန်းချုပ် ထားဆဲ ဖြစ်ပါတယ်။
ဒီလို အနုပညာ တင်ဆက်မှုတွေကို ကြားက ဖြတ်တောက် နေမယ်ဆိုရင် ကောင်းတဲ့ အနုပညာ ဖန်တီးမှုတွေ ဆုံးရှုံး ကုန်မယ်လို့ ဦးဇင်ဝိုင်းက ထောက်ပြ ပါတယ်။
မီဒီယာတွေက လိုအပ်ရင် ဝေဖန်မှာ ဖြစ်ပြီး ဒိထက် လွန်ကဲလာရင် အနုပညာရှင် တွေကို ပရိသတ် က ဒဏ်ခတ်မှာပါ လို့လည်း ပြောပါတယ်။
ဆင်ဆာ အဖွဲ့မှာ ရုပ်ရှင် အစည်းအရုံးက ကိုယ်စားလှယ်လွှတ်တာကလဲ ဆင်ဆာ ဖြတ်မယ့် ကြိုးစားမှု တွေကို ဟန့်တားဖို့သာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
ရုပ်ရှင် သမားတွေ ဘက်ကလဲ အလုပ် ကြိုးစားပြီး စိတ်ပါ ဝင်စားစွာ သရုပ်ဆောင်ဖို့ လိုကြောင်း ဦးဇင်ဝိုင်းက သုံးသပ်ခဲ့ပါတယ်။




