ဒုံးကျည်ထိမှန်ခဲ့တဲ့ ကိယက်မြို့က အဆာက်အဦတစ်ခု ပုံတွေထွက်ပေါ်လာ

Russia,Ukarine,Kiev

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အနည်းဆုံး အလွှာ ငါးလွှာ ထိခိုက်ပျက်စီးသွား

ဒုံးကျည်ထိမှန်ခဲ့တဲ့ ကိယက်မြို့က အဆာက်အဦတစ်ခု ပုံတွေထွက်ပေါ်လာ

ဒီနေ့စနေမနက်အစောပိုင်းက ကိယက်ဗ်မြို့ Zhuliany လေဆိပ်အနီး တိုက်ခန်းအဆောက်အဦတစ်ခု ဒုံကျည်ထိမှန်ခဲ့တဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာပါတယ်။

ပုံမှာ အဆောက်အဦရဲ့ အနည်းဆုံး အလွှာ ငါးလွှာ ထိခိုက်ပျက်စီးသွားတာကို တွေ့ရပြီး ဘေးဘက်ကို ပေါက်ကွဲထွက်သွားတဲ့အနေအထားကို တွေ့ရပါတယ်။

Russia,Ukarine,Kiev

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အဆောက်အဦထဲက လူတွေကို ကယ်ဆယ်ရေးပြုလုပ်နေ

အဆောက်အဦထဲက လူတွေကို ကယ်ဆယ်ရေးပြုလုပ်နေပြီး လက်ရှိမှာ အသေအပျောက်အရေအတွက်ကို စိစစ်နေဆဲလို့ အာဏာပိုင်တွေက ပြောပါတယ်။

Russia,Ukarine

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြို့တော် ကိယက်ဗ်ကိုသွားတဲ့လမ်းမှာ တိတ်ဆိတ်နေပြီး မော်တော်ယာဉ်အနည်းငယ်သာ ဖြတ်သန်းသွားလာနေပါတယ်။

ပြင်သစ်က လက်နက်အထောက်အပံ့တွေ ယူကရိန်းထံ ပို့ဆောင်

ပြင်သစ်က ယူကရိန်းက လက်နက်အထောက်အပံ့တွေ ပို့ဆောင်လိုက်ပါတယ်။

ရုရှားတပ်တွေရဲ့ ချီတက်ဝင်ရောက်လာမှုကို ရင်ဆိုင်နေရတဲ့ ယူကရိန်းအတွက် အနောက်နိုင်ငံတွေရဲ့ ထောက်ပံ့ကူညီရေးအဖြစ် ပြင်သစ်ကနေ ယူကရိန်းဆီ စက်လက်နက်ပစ္စည်းတွေ ပို့ဆောင်နေပြီလို့ဆိုပါတယ်။

ယူကရိန်းသမ္မတ ဇလန်းစကီးက ပြင်သစ်သမ္မတ မက်ခရွန်းနဲ့ စကားပြောဆိုဆွေးနွေးပြီး "သံတမန်ရေးရာ ရှေ့တန်းမျက်နှာစာ နေ့သစ် စတင်ပြီ" လို့ ဒီမနက်အစောပိုင်းမှာ ပြောခဲ့ကြောင်း တွစ်တာမှာရေးပါတယ်။

ဒါ့အပြင် စစ်ဆန့်ကျင်ရေးညွန့်ပေါင်းအဖွဲ့ အလုပ်ဖြစ်နေပြီ လို့လည်း သူက ရေးထားပါတယ်။

ပြင်သစ်သမ္မတ မက်ခရွန်းကတော့ စစ်ပွဲဟာ ကြာမှာဖြစ်ပြီး အဲဒီအတွက် ပြင်ဆင်ထားရမယ်လို့ ဆိုပါတယ်။

ယူကရိန်းမြို့တစ်မြို့ကို ရုရှား ပထမဆုံး သိမ်းပိုက်

ရုရှားက ယူကရိန်းကို စတင်ကျူးကျော်ခဲ့တဲ့ ကြာသာပတေးနေ့ကစလို့ သုံးရက်အတွင်း ပထမဆုံးအနေနဲ့ အရေးပါတဲ့မြို့ တစ်မြို့ဖြစ်တဲ့ Melitopol မြို့ကို သိမ်းပိုက်လိုက်ပြီလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

အဲဒီမြို့ဟာ ယူကရိန်းနိုင်ငံတောင်ပိုင်း Zaporizhzhya ဒေသ၊ ယူကရိန်းရဲ့ အဓိက ဆိပ်ကမ်းမြို့ဖြစ်တဲ့ Mariupol အနီးမှာ တည်ရှိပြီး အတန်အသင့်ကျယ်ဝန်းတဲ့ အရွယ်အစားရှိ မြို့တစ်မြို့ဖြစ်ပြီး ယူကရိန်းနိုင်ငံသား တစ်သိန်းခွဲခန့် နေထိုင်ကြပါတယ်။

အစောပိုင်းက ထုတ်ပြန်ခဲ့တဲ့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန ကြေညာချက်ထဲမှာလည်း ရုရှားတပ်တွေဟာ ယူကရိန်းနိုင်ငံတောင်ပိုင်းမှာရှိတဲ့ အဲဒီမြို့နှစ်မြို့အနီးကနေ ကုန်းလမ်းကရော ရေကြောင်းကပါ တပ်တွေ ဝင်ရောက်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရုရှား၊ ဆိုက်ဘေးရီးယားထိ ရောက်လာတဲ့ စစ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ

Russia,Ukarine

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မော်စကိုကဆန္ဒပြသူတစ်ဦး

ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကို ရှုတ်ချတဲ့ စစ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ရုရှားနိုင်ငံတဝန်း မြို့ကြီးတွေမှာ ပေါ်ပေါက်လာနေပြီး ထောင်နဲ့ချီတဲ့ ရုရှားပြည်သူတွေ လမ်းပေါ်ထွက်လာကြပါတယ်။

Russia,Ukarine

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရုရှားရဲ့ အကြီးဆုံးမြို့ နှစ်မြို့ ဖြစ်တဲ့ မော်စကိုနဲ့ စိန့်ပီတာစဘက်မြို့တွေမှာ ရုရှားပြည်သူတွေဟာ လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြပြီး စစ်ဆန့်ကျင်ရေး စာသားပါတဲ့ စာတန်းတွေကိုင်ဆောင်ထားတာကို ဓာတ်ပုံတွေမှာတွေ့ရပါတယ်။

ဆန္ဒပြပွဲတွေဟာ ရုရှားနိုင်ငံတောင်ပိုင်း ဆိုက်ဘေးရီးယားဒေသက ဆီးနှင်းထူထပ်တဲ့ Novosibirsk မြို့မှာလည်း ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဆန္ဒပြသူတွေကို ရဲတွေက လုံခြုံရေးအင်အားအများအပြားသုံးတားဆီးတာတွေရှိနေပြီး လက်ရှိအချိန်ထိ လူပေါင်း ၁,၈၀၀ ကျော်ကို ဖမ်းဆီးထားပါတယ်။

Russia,Ukarine

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဘေးကင်းရာနေရာကို ရွှေ့ပြောင်းပေးမယ် ဆိုတဲ့ အမေရိကန်ရဲ့ ကမ်းလှမ်းချက်ကို ယူကရိန်းသမ္မတ ပယ်ချ

Russia,Ukarine,United State

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သမ္မတ ဇလန်းစကီး

ဘေးကင်းရာနေရာကို ရွှေ့ပြောင်းပေးမယ် ဆိုတဲ့ အမေရိကန်ရဲ့ ကမ်းလှမ်းချက်ကို ယူကရိန်းသမ္မတ ဇလန်းစကီးက ပယ်ချလိုက်တယ်လို့ အမေရိကန်မီဒီယာတွေက ဖော်ပြပါတယ်။

သမ္မတဇလန်းစကီးက "တိုက်ပွဲက ဒီမှာပဲ။ ကျွန်တော်လိုတာ လက်နက်ခဲယမ်းပါ" လို့ပြောကြားကြောင်း ဒီပြောကြားချက်ကို တိုက်ရိုက်သိရှိတဲ့ ထောက်လှမ်းရေးအရာရှိတစ်ဦးကို ကိုးကားပြီး အေပီသတင်းဌာနကရေးပါတယ်။

အမေရိကန်အစိုးရဟာ သမ္မတ ဇလန်းစကီးကို ကူညီဖို့ ပြင်ဆင်ခဲ့တယ် လို့ အမေရိကန်နဲ့ ယူကရိန်းနှစ်ဖက် အစိုးရအရာရှိကြီးတွေကို ကိုးကားပြီး ဝါရှင်တန်ပို့စ်ကလည်းရေးပါတယ်။

ရုရှားရဲ့ ကျူးကျော်မှုအပေါ် ယူကရိန်းသမ္မတဇလန်းစကီးရဲ့ တုံ့ပြန်မှုနဲ့ပတ်သက်လို့ သူ့ကို လူမှုကွန်ရက်မှာ ကျယ်ကျယ်ပြန့်ပြန့်ချီးမွမ်းမှုတွေရှိနေပါတယ်။

ဟာသသရုပ်ဆောင်ဟောင်းတစ်ဦးလည်းဖြစ်တဲ့ သမ္မတ ဇလန်းစကီးက "ကျွန်တော်တို့ကို တိုက်ခိုက်ရင် ကျွန်တော်တို့ရဲ့ မျက်နှာကိုပဲ မြင်ရမယ်။ ကျွန်တော်တို့နောက်ကျောကို မြင်ရမှာမဟုတ်ဘူး" လို့အစောပိုင်းက မိန့်ခွန်းမှာပြောခဲ့ပါတယ်။

မနေ့သောကြာနေ့အစောပိုင်းမှာ သူနဲ့ သူ့ရဲ့ အဓိက လက်ထောက် တာဝန်ရှိသူတွေ မြို့တော်အတွင်းမှာ ရှိနေကြောင်း ပြသတဲ့ ကိုယ်တိုင်ရိုက် ဗီဒီယိုတစ်ခုကို လွှင့်တင်ခဲ့ပြီး ကိယက်ဗ်မြို့ကနေ သူထွက်ပြေးသွားပြီဆိုတဲ့သတင်းတွေကို ငြင်းဆန်ခဲ့ပါတယ်။

"ငါတို့အားလုံးဒီမှာရှိပါတယ် ။ ပြီးတော့ ဒီအတိုင်းပဲ ဆက်သွားနေမယ်" လို့လည်း သူကပြောပါတယ်။

Russia,Ukarine

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကမ္ဘာ့တဝန်း အထင်ကရ အထိမ်းအမှတ်နေရာတွေမှာ ယူကရိန်းနိုင်ငံရဲ့အမျိုးသားအရောင်တွေကို မီးထွန်းညှိပြီး ယူကရိန်းနဲ့တစ်စိတ်တစ်၀မ်းတည်းရှိ ကြောင်း ပြသခဲ့ကြ

ကိယက်ဗ်မြို့လမ်းတွေပေါ်မှာ တိုက်ပွဲတွေဖြစ်

ယူကရိန်းနဲ့တသားတည်းရှိကြောင်း ကမ္ဘာ့အထင်ကရနေရာတွေ မီးထွန်းညှိပြသ

ယူကရိန်းမြို့တော် ကိယက်ဗ်မြို့ လမ်းတွေပေါ်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ကိယက်ဗ်မြို့တော်အစိုးရအဖွဲ့ရဲ့ ပြောကြားချက်ပါ ကြေညာ ချက်ကို ကိုးကားပြီး ယူကရိန်းအခြေစိုက် သတင်းဌာန အင်တာဖက်စ် Interfax သတင်းဌာနက ဖော်ပြပါတယ်။

"မြို့ရဲ့လမ်းမတွေပေါ်မှာ လောလောဆယ်တိုက်ပွဲတွေဖြစ်နေတယ်"လို့ ဆိုပါတယ်။

ဒါကြောင့် လူထုအနေနဲ့ အကာအကွယ်နေရာတွေမှာနေထိုင်ကြဖို့နဲ့ ပြတင်းပေါက်တွေ၊ လသာဆောင်တွေအနီးမှာ မနေကြဖို့ သတိပေးထားပါတယ်။

ရုရှားက ကျူးကျော်စစ်ဆင်နွှဲနေတဲ့ ယူကရိန်းနိုင်ငံနဲ့ တသားတည်းရပ်တည်ကြောင်း နိုင်ငံတချို့က ပြသခဲ့ပါတယ်။

ကမ္ဘာ့တဝန်း အထင်ကရ အထိမ်းအမှတ်နေရာတွေမှာ ယူကရိန်းနိုင်ငံရဲ့အမျိုးသားအရောင်တွေကို မီးထွန်းညှိပြီး ယူကရိန်းနဲ့တစ်စိတ်တစ်၀မ်းတည်းရှိ ကြောင်း ပြသခဲ့ကြပါတယ်။

Russia,Ukarine

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကမ္ဘာ့တဝန်း အထင်ကရ အထိမ်းအမှတ်နေရာတွေမှာ ယူကရိန်းနိုင်ငံရဲ့အမျိုးသားအရောင်တွေကို မီးထွန်းညှိပြီး ယူကရိန်းနဲ့တစ်စိတ်တစ်၀မ်းတည်းရှိ ကြောင်း ပြသခဲ့ကြ
Russia,Ukarine

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကမ္ဘာ့တဝန်း အထင်ကရ အထိမ်းအမှတ်နေရာတွေမှာ ယူကရိန်းနိုင်ငံရဲ့အမျိုးသားအရောင်တွေကို မီးထွန်းညှိပြီး ယူကရိန်းနဲ့တစ်စိတ်တစ်၀မ်းတည်းရှိ ကြောင်း ပြသခဲ့ကြ
Russia,Ukarine

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကမ္ဘာ့တဝန်း အထင်ကရ အထိမ်းအမှတ်နေရာတွေမှာ ယူကရိန်းနိုင်ငံရဲ့အမျိုးသားအရောင်တွေကို မီးထွန်းညှိပြီး ယူကရိန်းနဲ့တစ်စိတ်တစ်၀မ်းတည်းရှိ ကြောင်း ပြသခဲ့ကြ
Russia,Ukarine

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကမ္ဘာ့တဝန်း အထင်ကရ အထိမ်းအမှတ်နေရာတွေမှာ ယူကရိန်းနိုင်ငံရဲ့အမျိုးသားအရောင်တွေကို မီးထွန်းညှိပြီး ယူကရိန်းနဲ့တစ်စိတ်တစ်၀မ်းတည်းရှိ ကြောင်း ပြသခဲ့ကြ
ဗြိတိန် ကာကွယ်ရေးဝန်ကြီး

ဓာတ်ပုံ ရင်းမြစ်, DANIEL LEAL

ဓာတ်ပုံ ပုံစာ, ဗြိတိန် ကာကွယ်ရေးဝန်ကြီး

ပြင်းထန်တဲ့ ခုခံစစ်ကို ရုရှားရင်ဆိုင်နေရကြောင်း ယူကေကာကွယ်ရေးဝန်ကြီးဌာနပြော

ရုရှားတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှု ထိုးစစ်တွေကို အကြိမ်ကြိမ်ခံနေရပေမယ့် ယူကရိန်းဟာ အဓိက ကျတဲ့ မြို့တွေကို ဆက်လက်ထိန်းချုပ်ထားနိုင်တယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ရှရှားတပ်တွေဟာ ယူကရိန်းမြို့တော် ကိယက်ဗ်ကို ဝိုင်းရံပိတ်ဆို့ဖို့ ကြိုးပမ်းနေပေမယ့် ယူကရိန်းစစ်တပ်ရဲ့ပြင်းထန်တဲ့ခုခံမှုကို ရင်ဆိုင်ခဲ့ရတယ်လို့ ဝန်ကြီးဌာန ထုတ်ပြန်ချက်ကဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ ကိယက်ဗ်မြို့က စစ်အခြေစိုက်စခန်းတစ်ခုကို ရုရှားတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်ရင်းမြစ်တွေက ဒီကနေ့မှာ လူမှုကွန်ရက်ကနေ ပြောကြားထားတာထွက်ပေါ်လာပါတယ်။

ဘီဘီစီကအတည်မပြုနိုင်တဲ့ အဲဒီတိုက်ခိုက်မှုဟာ တပ်ရိပ်သာတစ်ခုမှာ ဖြစ်ပွားခဲ့တယ်လို့လည်း ဆိုပါတယ်။

ရုရှားကျူးကျော်တိုက်ခိုက်မှုကြောင့် ညမထွက်ရမိန့်ထုတ်ထားတဲ့ ကိယက်ဗ်မြို့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရုရှားကျူးကျော်တိုက်ခိုက်မှုကြောင့် ညမထွက်ရမိန့်ထုတ်ထားတဲ့ ကိယက်ဗ်မြို့
ရုရှားတပ်တွေ စစ်တန်းလျားပြန်သွားဖို့ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ်ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရုရှားတပ်တွေ စစ်တန်းလျားပြန်သွားဖို့ကုလအတွင်းရေးမှူးချုပ် ပြော

ရုရှားတပ်တွေ စစ်တန်းလျားပြန်သွားဖို့ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ်ပြော

ကုလသမဂ္ဂ အထွေအထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်က ယူကရိန်းကို ကျူးကျော်နေတဲ့ ရုရှားတပ်တွေ စစ်တန်းလျားကို ပြန်ကြဖို့ ပြောလိုက်ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ရုရှားရဲ့ယူကရိန်းအပေါ် ကျူးကျော်မှုနဲ့ပတ်သက်လို့ ရှုတ်ချကြောင်း ဆုံးဖြတ်ချက်မူကြမ်းကို ရုရှားက ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့တဲ့အစည်းအဝေးအပြီးမှာ သူက ပြောလိုက်တာဖြစ်ပါတယ်။

မနေ့က ပြုလုပ်တဲ့ အဲဒီအစည်းအဝေးမှာ ဒီဆုံးဖြတ်ချက်ကို ရုရှားက ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့အမြဲတမ်းအဖွဲ့ဝင်တစ်နိုင်ငံအနေနဲ့ ဗီတိုအာဏာသုံးပယ်ချခဲ့တာဖြစ်ပါတယ်။

ရုရှားရဲ့ကျူးကျော်စစ်ကို ရှုတ်ချကြောင်း ကိုးနိုင်ငံက မဲပေးခဲ့ပြီး တရုတ်၊ အိန္ဒိယနဲ့ယူအေအီးတို့က ကြားနေအဖြစ် ရပ်တည်ခဲ့တာပါ။

ရုရှားကတော့ အဆုံးမှာ ဗီတိုအာဏာနဲ့ပယ်ချခဲ့တာဖြစ်ပါတယ်။

" ကုလသမဂ္ဂဟာ စစ်ကိုအဆုံးသတ်ဖို့ ပေါက်ဖွားလာတာပါ။ ဒီနေ့အဲဒီရည်မှန်းချက်မအောင်မြင်သေးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဘယ်တော့မှ အရှုံးမပေးပါဘူး။ ငြိမ်းချမ်းရေးအတွက် နောက်ထပ်အခွင့်အရေးတစ်ခု ကျွန်တော်တို့ပေးရပါမယ်" လို့ သူကပြောပါတယ်။

ဒါပေမဲ့ အဲဒါ ဘာဆိုတာတော့ သူက ရှင်းရှင်းလင်းလင်းမပြောပါဘူး။

ရုရှားနိုင်ငံဆိုင်ရာ ကုလသံအမတ် Vassily Nebenzia က ရုရှားဆန့်ကျင်သူတွေလို့အစည်းအဝေးမှာ သုံးနှုန်းပြောဆိုခဲ့ပြီး ဒီဆုံးဖြတ်ချက်မူကြမ်းအပေါ် မထောက်ခံခဲ့တဲ့ အဖွဲ့ဝင်နိုင်ငံတွေကို ကျေးဇူး တင်ကြောင်းပြောပါတယ်။