ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည် ၂၀၂၀ ရွေးကောက်ပွဲ ဝင်မယ်
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ထုတ်ဖော် ပြောလိုက် ပါတယ်။
ဇွန်လ ၇ ရက်နေ့ ညနေပိုင်းက နေပြည်တော်ရှိ စည်ပင်ရိပ်သာမှာ ပြုလုပ်တဲ့ ဗဟို အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေး အပြီး သတင်းထောက်တွေ မေးမြန်းတာကို ဒေါက်တာမျိုးညွန့်က ပြန်လည်ဖြေကြားရာမှာ အခုလိုပြောခဲ့တာပါ။
နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် လည်း ရွေးကောက်ပွဲ ဝင်ဖို့ရှိတယ်လို့ သူကပြောပါတယ်။
အင်မတန် အရည်အချင်းရှိတဲ့သူတွေ ဖြစ်လို့ တိုင်းပြည်က သူတို့ရဲ့ လုပ်အားကို လိုပါတယ် လို့လည်း သူကပြောပါတယ်။
"ပါတီကိစ္စ လုပ်ငန်းတွေကတော့ သူတို့ ဘယ်လို ပါလာမလဲ ဆိုတော့ သူတို့ ဆုံးဖြတ်ရမှာပါ၊ တပြည်လုံးမှာ မဲဆွယ်ဖို့ ဆိုရင်တော့ အုပ်ချုပ်ရေးရဲ့ ထိပ်ပိုင်းတာဝန်တွေကို သူတို့စွန့်မှ ရမှာပါ "လို့လည်း ဒေါက်တာမျိုးညွှန့်ကပြောပါတယ် ။ ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ် မဲဆန္ဒနယ်က ဝင်ပြိုင်ခဲ့သလို ၊ ဦးဝင်းမြင့်ကလည်း တာမွေ မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ဝင်ပြိုင်ခဲ့ပါတယ်။