ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ်ကိုပို့ဖို့ ကုန်စည် အရည်အသွေးမြှင့်မယ်
မကြာသေးခင်က တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ နန်နင်း ကုန်စည်ပြပွဲမှာ တရုတ်မြန်မာ နယ်စပ် ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှု ကိစ္စနဲ့ ပတ်သက်ပြီး နားလည်မှု စာချွန်လွှာ နှစ်ခု ထိုးခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ အသားလိုအပ်ချက် ဖြည့်ဆည်းဖို့ မြန်မာဘက် ကနေ ကျွဲနွားတွေ ဝယ်ယူဖို့ တရုတ်က စိတ်ဝင်စား နေပါ တယ်။
ဒါပေမယ့် တရုတ် အစိုးရရဲ့ မူဝါဒ အရ ဆန် ၊ ပြောင်း စတာတွေကို ပြည်ပ ကနေ တင်သွင်းတဲ့ အပေါ် တင်းကျပ်ထားတာ ကြောင့် ဒီလို မြန်မာ ဘက်က တင်သွင်းမယ် ဆိုရင် အရည်အသွေး ပြည့်မီဖို့ ဆန်းစစ် မြှင့်တင်ဖို့ လိုတယ်လို့ တရုတ်နဲ့ ဆွေးနွေး ခဲ့တဲ့ ကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့က ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ ကျောက်မျက်နဲ့ အထူးသဖြင့် သစ်သီးဝလံ တွေကို တရုတ်ဘက်က စိတ်ဝင်စားတယ်။ ထောပတ်သီး၊ ကော်ဖီတို့ ပေါ့။ အဓိက ကတော့ သင်တန်းတွေ ပေးဖို့နဲ့ နည်းပညာနဲ့ ပတ်သက်လို့ နားလည်မှု စာချွန်လွှာထိုးတာ ဖြစ်တယ်။ အသီးအနှံ တွေဆို သူတို့ ဘက်က အများကြီး ဝယ်ချင်တယ်လို့ အဲဒီ ခရီးစဉ်မှာ လိုက်ပါသွားတဲ့ ကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့ ညွန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ဘီဘီစီကို ပြောပါတယ်။
ဒီခရီးစဉ်မှာ တရုတ်နဲ့ ကုန်သွယ်မှု ပိုကောင်းလာ နိုင်ပြီး ဒီနှစ် အတွက် စီးပွားရေးမှာ တိုးတက်မှု တခု ဖြစ်တယ်လို့ ဦးအောင်စိုးက ပြောပါတယ်။
တရုတ်ဘက်က အသား လိုအပ်ချက် အရ ကျွဲနွားတွေကို လိုချင် ပြီးတော့ စိုက်ပျိုးရေး ပိုင်းမှာလဲ လာရောက် ရင်းနှီး မြှုပ်နှံ တာတွေ လုပ်ချင်နေ ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံ ဘက်က တင်ပို့ ရာမှာတော့ ပို့ကုန်တွေကို ဒီထက် အရည် အသွေး မြှင့်တင်ဖို့ လိုတယ်လို့ သွားရောက် ခဲ့တဲ့ ကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့က ဆိုပါတယ်။