ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မူဆယ်မှာ တရုတ်ဘက် အဝင် ပိုမိုတင်းကျပ်
တရုတ် မြန်မာ ကုန်သွယ်ရေးရဲ့ အဓိက နယ်စပ်မြို့ ဖြစ်တဲ့ မူဆယ်မြို့ ကနေ တရုတ် နိုင်ငံထဲ သွားရောက်မယ့် မြန်မာ နိုင်ငံသား တွေကို တရုတ် အာဏာပိုင် တွေက တင်းတင်း ကျပ်ကျပ် စစ်ဆေး မှုတွေ လုပ်နေပါတယ်။
လူဝင် လူထွက်ကို တင်းကျပ်တဲ့ အပြင် မြန်မာ နိုင်ငံက ထွက်ရှိတဲ့ အစားအသောက်နဲ့ အသုံးအဆောင်တွေ ကိုလည်း သယ်ယူခွင့် မပြုတော့ ဘူးလို့ ဒေသခံတွေ ကပြောပါတယ်။
ပုံမှန် အားဖြင့် မူဆယ်မြို့ ကနေ တရုတ် နိုင်ငံဘက် သွားရောက်မယ့် သူတွေ အနေနဲ့ယာယီ နိုင်ငံကူးလက် မှတ် လုပ်ပြီး သက်ဆိုင်ရာ ဝင်ထွက် ဂိတ်တွေမှာ လက်ဗွေ တစ်ချက် နှိပ်ပြီး အလွယ် တကူ သွားလာ နေကြတာပါ။
ဒါပေမဲ့လည်း ဒီရက်ပိုင်းက စလို့ တရုတ် နိုင်ငံထဲ ဝင်ရောက်မယ့် မြန်မာ နိုင်ငံသားတွေကို စီစစ်တဲ့ ပုံစံ ပြောင်းလဲ လာပြီး ပိုမိုတင်း ကျပ်လာ သလို၊ မြန်မာ နိုင်ငံသား စီစစ်ရေး ကတ်ပြားရဲ့ မိတ္တူလည်း ပေးရတယ်လို့ ဒေသခံ အချို့ ကပြောပါတယ်။
အခုလို တင်းတင်း ကျပ်ကျပ် စစ်ဆေး လာရတာဟာ တရုတ် နိုင်ငံသား အချို့ အနေနဲ့ မြန်မာ တရုတ် နှစ် နိုင်ငံသား ခံယူ ထားသူတွေ ရှိသလို မြန်မာ နိုင်ငံသား ထဲမှာလည်း မြန်မာ တရုတ် နှစ်နိုင်ငံ နိုင်ငံသား ခံယူထား တဲ့ သူတွေရှိတဲ့ အတွက် စစ်ဆေးရတာ ဖြစ်တယ် လို့ တရုတ် အာဏာပိုင် တွေနဲ့ နီးစပ်တဲ့ မူဆယ် ဒေသခံ အချို့ ကပြောပါတယ်။
လက်ဆယ်ချောင်း စလုံး လက်ဗွေ နှိပ်စစ်ဆေး နေရတဲ့ အတွက် အရင်က တရုတ် နိုင်ငံထဲ ဝင်ရောက်ဖို့ ၁၀ မိနစ် ခန့်သာ ကြာပေမဲ့လည်း အခု အခါမှာတော့ အနည်းဆုံး ၂ နာရီ လောက် စောင့်ဆိုင်း နေရပါတယ်။
လူဝင်လူထွက်ကို တင်းကျပ်လိုက် သလို မြန်မာနိုင်ငံက ထွက်ရှိတဲ့ အစားအသောက်နဲ့ အသုံးအဆောင် အချို့ကိုလည်း တပိုင်တနိုင် သယ်ခွင့် မပေး တော့ဘူးလို့ မူဆယ် ဒေသခံ တစ်ဦးက ပြောပြပါတယ်။
အရင် ကတော့ တရုတ်နိုင်ငံ ဘက်ခြမ်းမှာ အလုပ် လုပ်နေတဲ့ သူတွေ အနေနဲ့ မြန်မာ နိုင်ငံက ထွက်ရှိတဲ့ အစား အသောက်တွေ အချို ရည်တွေနဲ့ ဘုရားပန်း စတာတွေကို ကိုယ်အိမ် သုံးဖို့ သယ်ယူသူ ရှိသလို ပြန်လည် ရောင်းချဖို့ သယ်ယူ သူတွေလည်း ရှိပါတယ်။
မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို ထွက်တဲ့ တရားဝင် ဂိတ် ၃ ဂိတ် ရှိပြီး အရင်ကတော့ ဂိတ် ၂ ခုကနေ အစား အသောက်နဲ့ အသုံး အဆောင်တွေကို တနိုင်တပိုင် သယ်ယူလို့ ရပါတယ်။
Nld အစိုးရ လက်ထက် မှာတော့ နှစ်နိုင်ငံ ဆက်ဆက်ရေး ကောင်းမွန်ဖို့ အတွက် အလေးထား ဆောင်ရွက်နေ ပေမဲ့လည်း နယ်စပ် ဒေသမှာတော့ မကြာခဏ ဆိုသလို ဘဏ် အကောင့်တွေ ပိတ်သိမ်းတာ မြန်မာ နိုင်ငံက တင်ပို့တဲ့ပ စ္စည်းတွေကိုဖ မ်းဆီးတာတွေဟာ မကြာခဏ ဖြစ်နေပါတယ်။