ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ်က ဝီဂါမွတ်ဆလင် အကျဉ်းစခန်းတွေ အရေး ကုလ စိုးရိမ်
တရုတ်ပြည်မှာ ဝီဂါမွတ်ဆလင် ၁ သန်းလောက်ကို အကြမ်းဖက် ကာကွယ်ရေး အကြောင်းပြချက်နဲ့ ထိန်းသိမ်းရေး စခန်းတွေမှာ ချုပ်နှောင်ထားတာကို ကုလသမဂ္ဂက စိုးရိမ်ကြောင်း ပြောလိုက်ပါတယ်။
တရုတ်အစိုးရကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုပြီး ဘာသာရေး အစွန်းရောက် တချို့ကို ပြန်လည် ပြုပြင်ရေး စခန်းမှာ ထားရှိတယ် ဆိုတာကို ဝန်ခံပါတယ်။
တရုတ်အစိုးရကတော့ ဒေသအတွင်း မတည်ငြိမ်မှုတွေ ဆူပူမှုတွေဟာ အစ္စလမ်မစ် စစ်သွေးကြွများနဲ့ ခွဲထွက်သူများကြောင့်လို့ အပြစ်တင်ထားပါတယ်။
ဝီဂါမွတ်ဆလင်တွေ အုပ်ချုပ်တဲ့ ဒေသဟာ အကျဉ်းစခန်းတွေအဖြစ် ပြောင်းလဲနေပြီဆိုတာကို ပြောဆိုထားတဲ့ ခိုင်မာတိကျတဲ့ သတင်းပေးပို့ချက်တွေရှိခဲ့ကြောင်း ဒီလ အစောပိုင်းက လုပ်ခဲ့တဲ့ သုံးသပ်ချက် တခုမှာ ကုလသမဂ္ဂရဲ့ လူမျိုးရေး ခွဲခြားမှု တိုက်ဖျက်ရေး ကော်မတီဝင်တွေက ပြောခဲ့ပါတယ်။
တရုတ်အစိုးရဘက်ကတော့ ဝီဂါ လူမျိုးတွေဟာ ရပိုင်ခွင့်အပြည့်အဝရရှိပြီး စိတ်ပျော်ရွှင်ချမ်းမြေ့စွာရှိနေတယ်လို့ ပြောဆိုပါတယ်။ ဒါပေမယ့် ဘာသာရေး အစွန်းရောက် ဝါဒရဲ့ လှည့်ဖျားသွေးဆောင်ခံရသူတွေကို ပြန်လည်နေရာချထားရေးနဲ့ ပြန်လည် ပညာပေးရေး ဆောင်ရွက်ပေးမယ်လို့ ဘေဂျင်းအစိုးရက ရှားရှားပါးပါး ဝန်ခံချက် ပြောဆိုခဲ့ပါတယ်။