လူ ၁၆ဝဝဝ ကျော် နေရာရွှေ့နေရတဲ့ မြန်မာရေဘေး

Woman wading through flooded street

ဓာတ်ပုံ ရင်းမြစ်, EPA

မြန်မာနိုင်ငံ တောင်ပိုင်းမှာ မုတ်သုံမိုးကြီး ရွာသွန်းလို့ လူ တသောင်း ခြောက်ထောင်ကျော် နေရပ် ရွှေ့ပြောင်းခဲ့ရပါတယ်။

ထိုင်းနယ်စပ် ကရင်ပြည်နယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အကုန်ပိုင်းက အဆိုးဝါးဆုံး ရေကြီးမှု ဒဏ်ခံခဲ့ရတာ ဖြစ်ပါတယ်။

နေရာအများအပြားက လူတွေကို ဖယ်ရှားပြီး ခိုလှုံရာ စခန်းတွေကို ပို့ပေးထားရပါတယ်။

ရေကျချိန် အထိ အဲဒီ စခန်းတွေမှာ နေရမှာ ဖြစ်ပါတယ်။

မုတ်သုံမိုးကြောင့် အရှေ့တောင်အာရှ တလွှားနဲ့ ဖိလစ်ပိုင်၊ ဂျပန် နိုင်ငံတွေမှာ မိုးကြီးတာတွေ ဖြစ်ခဲ့ပါတယ်။

flooded road

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, လူတွေကို ကယ်ထုတ်ရ

နှစ်စဉ်ရေကြီးနေကျ ဘားအံမှာ ဒီနှစ် ရေကြီးမှုက ပိုဆိုးတယ် လို့လည်း သိရပါတယ်။

မြို့ခံ လူ တသောင်းကျော် အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရပါတယ်။

လာအိုမှာ ဆည်ကျိုးလို့ ရွာတွေ ရေမြုပ်တာတွေ ဖြစ်နေချိန်မှာပဲ မြန်မာမှာလည်း ရေကြီးရေလျှံတာတွေ ဖြစ်နေပါတယ်။

Displaced families in a shelter at Hpa-An Township in Kayin State

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ရေဘေးစခန်းတွေမှာ ဝင်နေရ
Family in a flooded street

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ကလေးပါမကျန် ရွှေ့ပြောင်း
Group rowing a boat through a flooded street

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ဒီနှစ် ရေပိုကြီးတယ်
Flooded shop

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ရေဘေးဒဏ် အဆိုးဆုံးခံရတဲ့ ကရင်ပြည်နယ်
Mother feeding her child rice

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, မံမံစားသား