မိုးသည်းထန်မှုကြောင့် ပုသိမ် မုံရွာ ကားလမ်းမ ပြတ်တောက်

မကွေး၊ စလင်း၊ ရေကြီး၊

ဓာတ်ပုံ ရင်းမြစ်, Salin Red Cross

ဓာတ်ပုံ ပုံစာ, ပုသိမ် မုံရွာ ကားလမ်းမ မိုင်တိုင် ၃၁၁ နဲ့ ၃၂၂ မှာ လမ်းမကြီး ပြတ်တောက်သွား

မြန်မာနိုင်ငံမှာ အခုရက်ပိုင်းအတွင်း အဆက်မပြတ် မိုးရွာသွန်း နေမှုတွေကြောင့် မကွေးတိုင်း စလင်းမြို့ဘက်က ပုသိမ် မုံရွာ အဝေးပြေး ကားလမ်းမကြီး ပျက်စီးနေပါတယ်။

ကားလမ်းမဟာ ဓားနဲ့ ခုတ်ဖြတ်ထားသလို ပြတ်တောက်သွားခဲ့တာပါ။

ပုသိမ် မုံရွာလမ်း မိုင်တိုင် ၃၁၁ မှာ ၅ ပေလောက် အကျယ် ပြတ်တောက်ခဲ့ရာမှာ ချောက်ကြီး ဖြစ်သွားပြီး လမ်းတဖက်ကနေ တဖက်ကို ရေဖြတ်စီးနေပါတယ်။

မိုင်တိုင် ၃၂၂ မှာတော့ ၁၀ ပေအကျယ်လောက် ပြတ်တောက်ပြီး ချောက်ကမ်းပါးကြီး ဖြစ်နေတာကို တွေ့ရပါတယ်။

သရက်ခရိုင် ကံမမြို့နယ် ထဲမှာတော့ ရွာပေါင်း ၃၀ ကျော် ရေနစ်မြုပ် သွားခဲ့ပြီး ဖေါင်တော်ဦးဘက်မှာ လူသေ၊ လူပျောက်တာတွေ ရှိခဲ့တယ်လို့ စလင်းမြို့ခံ ကိုမင်းအောင်သန်းက ဘီဘီစီကို ပြောပြပါတယ်။

ဒေသခံ တဦး ည ၇ နာရီကျော်လောက်မှာ ရေဆင်းကူးရာကနေ မိနစ်ပိုင်းအတွင်း ရေထဲ မျောပါ အသက်ဆုံးရှုံးခဲ့တယ်လို့ သူက ပြောပါတယ်။

စလင်းတမံမှာလည်း ရေလွှဲပေါက် အမှတ်ကို ကျော်ပြီး စိုးရိမ် ရေမှတ် ရောက်နေတယ်လို့လည်း သိရပါတယ်။

ဗီဒီယို ပုံစာ, ဟာဗေး မုန်တိုင်းကြောင့် ဟျူစတန်မှာ ရေကြီး