ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိန္ဒိယမြို့တွေ ကမ္ဘာပေါ်မှာ လေထုအညစ်ညမ်းဆုံး စာရင်းဝင်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ရဲ့ သုတေသန တွေ့ရှိချက်အသစ်မှာ အိန္ဒိယနိုင်ငံ မြောက်ပိုင်း Kanpurမြို့ရဲ့ လေထုဟာ ကမ္ဘာပေါ်မှာ အညစ်ညမ်းဆုံးလို့ ဆိုပါတယ်။
ကမ္ဘာပေါ်မှာ လေထု အညစ်ညမ်းဆုံး မြို့ ၂၀ စာရင်းထဲမှာ အိန္ဒိယနိုင်ငံ မြို့တော်ဒေလီ အပါအဝင် မြို့ပေါင်း ၁၄ မြို့ ပါဝင်နေတာ ဖြစ်ပါတယ်။
ကားတွေကနေ ထွက်လာတဲ့ ဓာတ်ငွေတွေ၊ သီးနှံတွေ စိုက်ပျိုးဖို့ မီးရှို့တာတွေ၊ ဆောက်လုပ်ရေးနဲ့ စက်မှုလုပ်ငန်းတွေကြောင့် အိန္ဒိယရဲ့ လေထုဟာ ညစ်ညမ်းရတာ လို့ ဆိုပါတယ်။
လေထုညစ်ညမ်းမှု ထိန်းချုပ်ရေး ဆောင်ရွက်ချက်တွေကို အိန္ဒိယနိုင်ငံမှာ ရှိတဲ့ စက်ရုံတွေက မလိုက်နာကြဘူးလို့ သိရပါတယ်။
အိန္ဒိယအနေနဲ့ လေထုညစ်ညမ်းတာကို လျော့ချဖို့ ကြိုးစားတဲ့ တရုတ်ရဲ့ လုပ်ဆောင် ချက်ကို နမူနာယူ လုပ်ဆောင်သင့်တယ် လို့လည်း WHOက အိန္ဒိယ အစိုးရကို တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်း အိန္ဒိယနိုင်ငံဟာ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်ခဲ့ ပေမယ့် လေထုညစ်ညမ်းမှုကတော့ ပိုမို မြင့်မား လာတယ်လို့ ဆိုပါတယ်။
ဒါအပြင် ဒီတွေ့ရှိချက်အရ ကမ္ဘာပေါ်မှာ လူ ၁၀ ဦးမှာ ၉ ဦး ညစ်ညမ်းတဲ့လေကို ရှုရှိုက်နေရတယ်လို့ သုတေသနက ပြောပါတယ်။
၂၀၁၆ ခုနှစ်မှာ ညစ်ညမ်းတဲ့လေကို ရှုရှိုက်လို့ ကမ္ဘာတဝန်းက လူ ၄.၂ သန်း သေဆုံးရတယ်လို့ ဆိုပါတယ်။