သမ္မတသစ်နဲ့ နိုင်ငံရေးအခင်းအကျင်း

burma

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, နိုင်ငံတော် အတိုင်ပင်ခံ ဆက်အရေးပါနေမယ်

မြန်မာ နိုင်ငံ မှာ သမ္မတသစ် တယောက် တင်မြှောက်ခဲ့ပါတယ်။

နိုင်ငံရေး သမားထဲက နှစ်ပေါင်း၅ဝ ကျော် အတွင်း ဒီလို သမ္မတ တယောက် ပေါ်ပေါက်လာခဲ့တာပါ။

ဒီလို ခေါင်းဆောင်အပြောင်းကြောင့် အာဏာချိန်ခွင်လျှာ ပြောင်းသွားမယ်လို့ မမျှော်လင့်သင့်ကြောင်း ရန်ကုန် နိုင်ငံရေး သိပ္ပံကျောင်းက အမှုဆောင် ဒါရိုက်တာ ကိုမြတ်ကိုကို က ဆိုပါတယ်။

ဦးဝင်းမြင့်ဟာ လွှတ်တော် ဥက္ကဋ္ဌ ဘဝက လယ်သမားအရေးတွေမှာ တက်တက်ကြွကြွ ဆောင်ရွက်ခဲ့ပေမယ့် သိသာတဲ့ လယ်မြေဥပဒေတွေ ထွက်လာတာ မရှိခဲ့ဘူးလို့လည်း သူက ဆိုပါတယ်။

နောက် ရခိုင်က ရိုဟင်ဂျာတွေကို ကြားကျတဲ့ အသုံးဖြစ်တဲ့ မွတ်ဆလင်လို့ ခေါ်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားခဲ့ပေမယ့် သူ့လွှတ်တော်မှာ ဘင်္ဂါလီလို့ သုံးနှုန်းနေတာတွေကို မတားမြစ်ခဲ့ဘူးလို့လည်း ထောက်ပြပါတယ်။

ဒါပေမဲ့ လွှတ်တော် ဥက္ကဋ္ဌအဖြစ် ပွင့်ပွင့်လင်းလင်း ပြောတတ်မှုတွေကြောင့် သူ့ကို တခြား နေရာရွှေ့ပစ်တာလို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။

ဆန္ဒပြ ဥပဒေကိစ္စလိုမျိုးတွေမှာတော့ သူ့လက်ထက် လွှတ်တော်မှာ လူ့အခွင့်အရေး စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ဥပဒေတွေ မပြုနိုင်ခဲ့ဘူးလို့လည်း ထောက်ပြနေကြပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, HEIN HTET

ဓာတ်ပုံ ပုံစာ, သမ္မတသစ် နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသစ်

သမ္မတသစ် ဦးဝင်းမြင့် လက်ထက်မှာ မြန်မာပြည်ရဲ့ နိုင်ငံတကာ ဆက်ဆံရေးမှာ စိန်ခေါ်မှုတွေ ရှိဦးမှာ ဖြစ်ပေမယ့် သူ့ရဲ့ ပြတ်ပြတ်သားသား လုပ်ကိုင်တတ်တဲ့ အရည်အချင်းကြောင့် ဒါတွေကို သူ ကျော်လွှားသွားနိုင်မယ်လို့ ရန်ကုန် တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေး ပညာ ဌာန ပါမောက္ခ ဒေါက်တာ ချောချောစိန် က ပြောပါတယ်။

နိုင်ငံတကာ အနေနဲ့လည်း မြန်မာ အပေါ် ဒီထက် နားလည်မှု ပိုထားပြီး ကူညီသင့်တယ် လို့လည်း ဆိုပါတယ်။

မြန်မာပြည်ရဲ့ နိုင်ငံခြားရေးမူဟာ မူကြီး ၅ ချက် အခြေခံကို ကျော်လွန်မှာ မဟုတ်ပေမယ့် နိုင်ငံရဲ့ လိုအပ်ချက်အရ အပြောင်းအရွေ့ ရှိနိုင်မှာ ဖြစ်တယ် လို့လည်း ဆိုပါတယ်။

သမ္မတသစ် အနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒနဲ့ လိုအပ်ချက်ကို နားဆင်ဆောင်ရွက်သွားမယ်လို့ ယုံကြည်တယ် လို့လည်း ဆိုပါတယ်။