ဒုသမ္မတလောင်းစာရင်း လွှတ်တော်တင်သွင်း

တာမွေမဲဆန္ဒနယ်က ဦးဝင်းမြင့်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, တာမွေမဲဆန္ဒနယ်က ဦးဝင်းမြင့်

ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ဒုသမ္မတလောင်းရွေးချယ်ဖို့ မနက်ပိုင်းမှာ အမည်တင်သွင်းရာမှာ တာမွေမဲဆန္ဒနယ်က ဦးဝင်းမြင့်နဲ့ ပျော်ဘွယ်မဲဆန္ဒနယ်က ဦးသောင်းအေးတို့ကို တင်သွင်းခဲ့ပါတယ်။

တင်သွင်းသူအနက် တာမွေမဲဆန္ဒနယ်က ဦးဝင်းမြင့်ဟာ ပြည်သူ့လွှတ်တော် ဥက္ကဌ ဟောင်းဖြစ်ပြီး သမ္မတ နှုတ်ထွက်တဲ့ နေ့မှာပဲ ပြည်သူ့လွှတ်တော် ဥက္ကဌနေရာကနေ နှုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နုတ်ထွက်သွားပြီးတဲ့နောက် သူ့နေရာကို ဆက်ခံမယ့်လူကို လွှတ်တော်က ရွေးချယ်တော့မှာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဌနေရာကို မတ်လ၂၂ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ရာ ကွတ်ခိုင်မြို့နယ် ပြည်သူ့ကိုယ်စားလှယ်ဖြစ်တဲ့ ဦးတီခွန်မြတ်က ရွေးချယ်ခံခဲ့ရပါတယ်။