မောင်တော ပြည်သူ့စစ် ၃ ဖွဲ့ကို လက်နက်တပ်ဆင်

bur

ဓာတ်ပုံ ရင်းမြစ်, NYUNT WIN

ဓာတ်ပုံ ပုံစာ, လုံခြုံရေး စိုးရိမ်ရဆဲ မောင်တော

ရခိုင်ပြည် မောင်တောမြို့နယ် မြောက်ပိုင်းက ဗန္ဓုလ၊ တပ်ချောင်း၊ ဝေလာတောင်ကျေးရွာတို့မှာ ပြည်သူ့စစ်အဖွဲ့ ၃ ဖွဲ့ကို လက်နက်တပ်ဆင် ပေးထားတယ်လို့ ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဇန်နဝါရီလ ၃၀ ရက်က ထုတ်ဖော် ပြောကြား ခဲ့ပါတယ်။

ဇန်နဝါရီလ ၃၀ ရက် အမျိုးသား လွှတ်တော်မှာ ရခိုင်ပြည်နယ် မဲဆန္ဒနယ်မြေ အမှတ် ၈ ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက ကြယ်ပွင့်ပြမေးခွန်း အနေနဲ့ ပြည်သူ့စစ်အဖွဲ့ ထားမထား မေးခဲ့ပါတယ်။

တိုင်းရင်းသားကျေးရွာတွေမှာ တိုင်းရင်းသားတွေကို အကာအကွယ်ပေးဖို့ အတွက် ပြည်သူ့စစ်ဖွဲ့စည်းဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

အဲသလို ပြည်သူ့စစ်ဖွဲ့စည်းဖို့ တောင်းဆိုတာဟာလည်း ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီတွေရဲ့ အန္တရာယ်ကို ကာကွယ်ဖို့လို့ ပြောပါတယ်။

အသံဖိုင် ပုံစာ, ရိုဟင်ဂျာစာအုပ်အကြောင်း သမိုင်းပညာရှင် ဒေါက်တာမြင့်သိန်းနဲ့ မေးမြန်း
ဗီဒီယို ပုံစာ, မြန်မာဘက်က ဒုက္ခသည် ပြန်လည် လက်ခံရေး ပြင်ဆင်မှု

အဲသလို ပြည်သူ့စစ်ဖွဲ့စည်းရေး မေးမြန်းရာမှာ ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက လက်နက်တပ်ဆင်ပေးထားတဲ့ တိုင်းရင်းသား ပြည်သူ့စစ် ၃ ဖွဲ့ရှိပြီးဖြစ်သလို နောက်ထပ် ၃၀ ကျော်ကိုလည်း လေ့ကျင့်ပြီး လက်နက်တပ်ဆင်ပေးဖို့ရှိကြောင်း ပြောပါတယ်။

ဒီလို တိုင်းရင်းသားတွေကို လက်နက်တပ်ဆင်ပြီး ပြည်သူ့စစ်ဖွဲ့စည်းပေးတဲ့အပေါ် ရိုဟင်ဂျာတွေဘက်မှာတော့ စိုးရိမ်ပူပန်မှုရှိပါတယ်။

မောင်တောမြောက်ပိုင်း အဲဒီပြည်သူ့စစ်ဖွဲ့စည်းထားတဲ့ နေရာတွေဟာ ပြီးခဲ့တဲ့ ရခိုင်ပြည်နယ်အရေးအခင်းအတွင်း ပဋိပက္ခဖြစ်ပွားခဲ့တဲ့ နေရာတွေထဲမှာ အပါအဝင်လည်း ဖြစ်တယ်လို့ ကုလားတန်သတင်းစာအယ်ဒီတာ ဦးတင်စိုးက ဆိုပါတယ်။