ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စံပြု ခံရမယ့် စျေးကွက် ဖြစ်လာဖို့ တရုတ် ရည်ရွယ်
တရုတ်အစိုးရဟာ နိုင်ငံရဲ့ အနောက်တောင်ပိုင်းက အဓိကမြို့ကြီး တစ်မြို့ ဖြစ်တဲ့ ချုံကင်းမှာ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ရောင်းဝယ်ရေး စျေးကွက်ကို အခု ၂ဝ၁၈ ခုနှစ် အစောပိုင်းမှာ ဖွင့်လှစ်နိုင်ဖို့ ပြင်ဆင် နေပါတယ်။
ဗဟိုအာရှဒေသနဲ့ မြန်မာနိုင်ငံကနေ သွယ်တန်းထားတဲ့ ပိုက်လိုင်းတွေက ရရှိလာတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ၊ တခြား ပြည်ပက တင်သွင်းတဲ့ ဓာတ်ငွေ့ရည် LNG တွေ ရောင်းဝယ် ကြဖို့ စျေးကွက် ဖော်ဆောင်မှာ ဖြစ်ပါတယ်။
တရုတ် အစိုးရပိုင် စွမ်းအင် ကုမ္ပဏီကြီးတွေနဲ့ ပုဂ္ဂလိကပိုင် ကုမ္ပဏီတွေကလည်း အခုလို ချုံကင်း အိပ်ချိန်း စျေးကွက် ဖော်ဆောင်ဖို့ အားပေး နေကြပါတယ်။
တခြား အာရှ စျေးကွက်တွေကပါ ရည်ညွှန်း စံထားရမယ့် ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ စျေးကွက် ဖြစ်လာဖို့ ရည်ရွယ်တာ ဖြစ်တယ် ဆိုပြီး ချုံကင်း အိပ်ချိန်းရဲ့ ဥက္ကဋ္ဌ ကျန်ဘိုဝမ်က ပြောပါတယ်။
တရုတ်ပြည်တွင်းမှာလည်း ကျောက်မီးသွေးကို လောင်စာ အဖြစ် အသုံးပြုမှုကနေ လျှော့ချ နေတဲ့ အတွက် ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ သုံးစွဲမှု အလျင်အမြန် တိုးမြင့် လာနေပါတယ်။