ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လူမျိုးတုံးသတ်မှုနဲ့ မြန်မာခေါင်းဆောင်တွေ တရားစွဲခံရနိုင်တယ်လို့ ကုလပြော
မြန်မာ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခွင့်ပြုချက်နဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေကို ဖိနှိပ် နှိမ်နင်းခဲ့တာလို့ ယူဆရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ အကြီးအကဲ က ဘီဘီစီကို ပြောပါတယ်။
လူတွေ ထောင်နဲ့ချီ အသတ်ခံရပြီး သိန်းနဲ့ချီကာ အိုးအိမ်မဲ့ ဖြစ်စေခဲ့တဲ့ စစ်ဆင်ရေးကို မြန်မာ အစိုးရ အဆင့်မြင့် ပုဂ္ဂိုလ်တဦးဦး ကနေ ဆုံးဖြတ် လုပ်ဆောင်ခဲ့တာလို့ Zeid Ra'ad Al Hussein က လေးလေးနက်နက် ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ အကြမ်းဖက်မှုတွေ မဖြစ်ခင် လပိုင်းတွေတုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ စကားပြောခဲ့စဉ်မှာ ရိုဟင်ဂျာတွေ အပေါ် စစ်ဆင်ရေး ဆင်နွှဲနေတာ အဆုံးသတ်ဖို့ သူ အနူးအညွတ် ပန်ကြားထားခဲ့ပေမယ့် ဖြစ်မလာတဲ့ အပေါ် အကြီးအကျယ် စိတ်မကောင်း ဖြစ်ရတယ်လို့ ဆိုပါတယ်။
မြန်မာ ခေါင်းဆောင်တွေ အနေနဲ့ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ တရားစွဲခံရနိုင်တယ်လို့ မစ္စတာ ဟူစိန်က ပြောပါတယ်။