ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရိုဟင်ဂျာ ဒုက္ခသည် စခန်းတထဲ ဆုံဆို့နာ ထိန်းချုပ်ဖို့ လုပ်ဆောင်
ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲက ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေမှာ ကလေးသူငယ်တွေကို ဆုံဆို့နာ ကာကွယ်ဆေး ပေးတဲ့ စီမံကိန်း အကြီးအကျယ် စတင် လုပ်ဆောင် လာပါတယ်။
ဒုက္ခသည် စခန်းတွေမှာ ရိုဟင်ဂျာ ကလေးငယ် ၇ဝဝ ကျော် ဆုံဆို့နာ ကူးစက်ခဲ့ပြီး၊ ၉ ယောက် သေဆုံး ခဲ့ရတဲ့နောက် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက အခုလို ဆောင်ရွက်လာတာ ဖြစ်ပါတယ်။
မြန်မာနဲ့နယ်စပ် အနီး ဒုက္ခသည်စခန်းတွေမှာ ဒီရောဂါ ကူးစက်မှု ဖြစ်လာ ခဲ့တာကို တာဝန်ရှိသူတွေ လုံးဝ သတိမထား မိခဲ့ကြဘူးလို့ အာဏာပိုင်တချို့က ပြောပါတယ်။
အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်တဲ့ ဆုံဆို့နာဟာ အင်မတန် ကူးစက် လွယ်ပြီး၊ အချိန်မီ ကုသမှု မခံရရင် အသက် သေဆုံးနိုင်ပါတယ်။
ရခိုင်ပြည်နယ်ထဲ ပေါ်ပေါက်ခဲ့တဲ့ အကြမ်းဖက်ဖြစ်ရပ်တွေကြောင့် ရိုဟင်ဂျာ မွတ်ဆလင် ၆ သိန်းကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေးလာခဲ့ ကြရပြီး၊ အဲဒီမှာ ခိုလှုံ နေကြပါတယ်။