မောင်တော ငါးဆောင်စုမှာ မီးလောင်မှု ဖြစ်ပွား

တည်ငြိမ်မှုတွေ အတော်အသင့် ရှိနေပါပြီလို့ ပြောဆိုနေတဲ့ မောင်တောမြို့ပေါ်မှာ အောက်တိုဘာ ၅ ရက် ညက မီးအကြီးအကျယ် လောင်ကျွမ်းမှု ရှိခဲ့တယ်လို့ သိရပါတယ်။

မောင်တောမြို့နယ် အမှတ် ၃ ရပ်ကွက်က က နေအိမ်တွေကို ည ရှစ်နာရီ လောက်မှာ စလောင်ခဲ့တာ ဖြစ်ပါတယ်။

အမှတ်(၃) ရပ်ကွက်က အိမ်သုံးလုံးလောက် ပျက်စီး သွားတာ ကို မျက်မြင် တွေ့ ခဲ့ရတယ်လို့ မောင်တောမှာ နေထိုင်တဲ့ တရား လွှတ်တော် ရှေ့နေ ဦးအောင်ကျော်ညွှန့်က ပြောပါတယ်။

မီးလောင်မှုကြောင့် မောင်တော မြို့ပေါ်နေ ဒေသခံပြည်သူများအကြား အထိန်တလန့် နဲ့ စိုးရိမ်မှုတွေလဲ တိုးပွားခဲ့ကြရပါတယ်။

မောင်တော မြို့ပေါ်မှာတော့ ညမထွက်ရ အမိန့်ကြောင့် လူသူ ကင်းရှင်းပြီး လုံခြုံရေး တည်ငြိမ် မှု ရှိတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်ညွှန့် က ဆက်ပြောပါတယ်။

ည ၈ နာရီကျော်က ၁၀ နာရီကျော် တဲ့ အထိ လောင်ကျွမ်းခဲ့ပြီး အိမ်တော်များများ ကို လောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

ဘာ့ကြောင့် မီးလောင် ရသလဲ ဆိုတာကိုတော့ သက်ဆိုင်ရာ နဲ့ ရဲတပ်ဖွဲ့က စစ်ဆေးမှုတွေ လုပ်နေကြောင်း မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြတ်ခိုင် က ပြောကြားခဲ့ပါတယ်။