ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရှမ်းမြောက်နဲ့ တပ်မတော် တိုက်ပွဲနှစ်ကြိမ်ဖြစ်
ရှမ်းပြည် တိုးတက်ရေး ပါတီ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း(SSPP/SSA ) နဲ့ မြန်မာ တပ်တော်ကြား စနေနေ့မှာ တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ပါတယ် ။
ရှမ်းပြည်နယ် မြောက်ပိုင်း မိုင်းရှူး မြို့နယ်ထဲက တောင်ကုန်းတွေမှာ တစ်နာရီ ကျော်ကြာ နှစ်ကြိမ် ဖြစ်ခဲ့ပါတယ် ။
ဘိန်းခင်းတွေ ဖျက်ဆီးဖို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ SSPP ထိန်းချုပ်နယ်မြေထဲကို တပ်မတော်က ဝင်လာတဲ့ အတွက် တိုက်ပွဲဖြစ်ရတာလို့SSPP/SSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ဆိုင်းဆုက ပြောပါ တယ် ။
တိုက်ပွဲအတွင်း အကျအဆုံး ရှိနေပေမယ့် အခုချိန်ထိ မသိရသေးဘဲ တိုက်ပွဲဖြစ်တဲ့နေရာဟာ ကျေး ရွာတွေနဲ့ ဝေးတဲ့ တောင်ကုန်းတွေပေါ်မှာ ဖြစ်ခဲ့တာ ဖြစ်ပါတယ် ။
SSPP/SSA အဖွဲ့ဟာ ဦးသိန်းစိန် အစိုးရ လက်ထက်က ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးထားတဲ့အဖွဲ့ ဖြစ်ပါတယ် ။
သို့သော်လည်း NCA စာချုပ်မှာတော့ လက်မှတ်မထိုးခဲ့ပါဘူး။
သူတို့အဖွဲ့ အနေနဲ့ NCA မှာ လက်မှတ်ထိုးဖို့ ကြိုးစားနေတဲ့ အချိန်မှာ အခုလိုမျိုး တိုက်ပွဲတွေ ဖြစ်လာရင် အောင်မြင်နိုင်မှာ မဟုတ်ဘူးလို့လဲ ဗိုလ်မှူးစိုင်းဆုက ပြောပါတယ် ။
NLD အစိုးရ လက်ထက်မှာ SSPP/SSA နဲ့ မြန်မာ့တပ်တော်တို့ တိုက်ပွဲ သုံးကြိမ်ဖြစ်ခဲ့ပြီး ထောင်ကျော်တဲ့ ဒုက္ခသည်တွေ အခုချိန်ထိ အိမ်မပြန်နိုင်သေးပါဘူး ။
ဒီတိုက်ပွဲနဲ့ ပတ်သက်လို့ မြန်မာ့ တပ်မတော်ဘက်ကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး ။