ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မိုင်းလားကုန်သွယ်ရေး လမ်းကြောင်း ပြန်ဖွင့်တော့မည်
အောက်တိုဘာလ အစောပိုင်း ကတည်းက ပိတ်ထားခဲ့ရတဲ့ မိုင်းလား နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို လာမယ့် တနင်းလာနေ့က စလို့ ပြန်လည်ဖွင့်လှစ်တော့မှာပါ။
ရှမ်းပြည်နယ် အစိုးရ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ဝလက်နက်ကိုင်တပ်ဖွဲ့တွေ မိုင်းလားနယ်ထဲမှာ လာရောက် တပ်စွဲခဲ့တဲ့နောက်ပိုင်း ဖြစ်လာတဲ့ နောက်ဆက်တွဲ ပြဿနာ တခု အနေနဲ့ နယ်စပ်လမ်းတွေ ပိတ်ခဲ့တာဖြစ်ကြောင်းနဲ့ အခုတော့ နယ်မြေတည်ငြိမ် လာပြီဖြစ်လို့ ပြန်ဖွင့် ပေးတာ လို့ ဘီဘီစီ ကို ပြောပါတယ်။
တနေ့ကို ပျှမ်းမျှ အမေရိကန်ဒေါ်လာ ၁၀ သန်း ခန့် ကုန်သွယ်ရေးပမာဏရှိတဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးလမ်းကြောင်းကိုလည်း ပြန်ဖွင့်ပေးထားပြီလို့ သူကပြောပြီး ဒီမိုင်းလား နယ်စပ် ကုန်သွယ်ရေး ဟာလည်း အရေးပါတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေ ထဲက တခု လို့ ဆို ပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ မုံးကိုး မြို့ကိုလည်း အခုအခါ အရင်က ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ အိမ်ပြန်လာနေရာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နေ့ အထိ ပြန်လည်ရောက်လာသူ ၁၀၀၀ ကျော်ရှိတယ်လို့ အစိုးရစစ်တပ် ပြန်ကြားရေးဌာန သတင်း တွေမှာ ဖော်ပြထားပါတယ်။