ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
MLM ဈေးရောင်း လုပ်ငန်း တားမြစ် တော့မလား
MLM လို့ခေါ်ကြတဲ့ ဆင့်ပွား ကွန်ရက်ချိတ် ဈေးရောင်း လုပ်ငန်းကို တားမြစ် ကန့်သတ် ပိတ်ပင် အရေးယူ ဆောင်ရွက်ရန် အစီ အစဉ် ရှိ မရှိ မေးခွန်း ကို ကြာသပတေး နေ့က ပြည်သူ့ လွှတ်တော်မှာ လှိုင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက မေးမြန်း ခဲ့ ပါတယ်။
ဒီလုပ်ငန်းကို လုပ်ဆောင်တဲ့ သူ တော်တော် များများ ဟာ အလိမ်ခံ နေရတဲ့ အတွက် လွှတ်တော်မှာ မေးခွန်း မေးရတာ ဖြစ်တယ်လို့ ဦးအောင်ကျော်ကျော်ဦးက ပြောပါတယ်။
ပြည်ထဲရေး ဝန်ကြီးဌါန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်စိုး ကတော့ MLM နဲ့ပတ်သက်တဲ့ ဥပဒေ ပြဋ္ဌာန်း ထားခြင်း မရှိသေး တဲ့အတွက် တိုင်တန်း မှုတွေ ရှိရင်တောင် စိစစ် ပေါ်ပေါက်ချက် အပေါ်မူတည်၍ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ၊ ဝင်ငွေခွန် ဥပဒေနှင့် ကုန်သွယ် လုပ်ငန်းခွန် ဥပဒေ စသည့် တည်ဆဲ ဥပဒေများ အရ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ပြန်လည် ဖြေကြား ခဲ့ ပါတယ်။
လူသုံးကုန် ပစ္စည်းနဲ့ အလှကုန် ပစ္စည်း အပါ အဝင် ထုတ်ကုန် ပစ္စည်း တွေကို ဆင့်ပွား ချိတ်ဆက် ရောင်းချတဲ့ MLM လုပ်ငန်းကို အမေရိကန် တရုတ်နဲ့ နိုင်ငံ တော်တော် များများမှာ ပိတ်ပင် ထားတာပါ။
မြန်မာ နိုင်ငံ မှာတော့ ဒီလုပ်ငန်းကို လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခု လောက်က စလို့ ပြည်ပလုပ် ငန်းရှင် အချို့ဟာ လုပ်ကိုင် လာခဲ့ကြ ပါတယ်။
အခုဆို မြန်မာ နိုင်ငံမှာ MLM လုပ်ငန်း လုပ်ကိုင်တဲ့ ကုမ္ပဏီ ပေါင်း ၁၀၀ နီးပါး ရှိလာပြီး ကျေးလက် ဒေသထိ ကွင်းဆင်း ဆောင်ရွက် လာကြပါတယ်။
MLM လုပ်ငန်း လုပ်ကိုင် နေသူတွေ အနေနဲ့ ဆေးဝါးတွေ အလှကုန် ပစ္စည်းတွေနဲ့ လယ်ယာသုံး ဆေး ဝါးတွေ ကို ရောင်းချ နေကြ တာပါ။
လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ တော့ MLM ကို ဥပဒေ ပြဌါန်းပြီး ထိန်းချုပ် နိုင်အောင်ထိ ဆောင်ရွက် သွားမယ်လို့ ပြောပါတယ်။