ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည် အင်ဒိုနီးရှား ခရီးစဉ် မဖြစ်သေး
ဒေါ်အောင်ဆန်းစုကြည် အင်ဒိုနီးရှား နိုင်ငံ ခရီးစဉ် အတွက် နှစ်ဘက် ညှိနှိုင်း မှုတွေ လုပ်ဆောင်ရာမှာ အဆင် မပြေသေးတဲ့ အတွက် လောလော ဆယ် သွားရောက် ဖို့ မဖြစ် သေးဘူးလို့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောခွင့်ရ ဦးကျော်ဇေယျက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာလ အတွင်း စင်ကာပူ နဲ့ အင်ဒိုနီးရှား နိုင်ငံ တို့ကို သွားရောက်ဖို့ ရှိနေတာ ဖြစ်ပါတယ်။
အင်ဒိုနီးရှား နိုင်ငံ ဂျကာတာ မြို့တော်မှာတော့ အဲဒီမှာ ရှိတဲ့ မြန်မာ သံရုံးကို ဗုံးခွဲ တိုက်ခိုက်မယ့် သူတွေကို အင်ဒိုနီးရှား အာဏာပိုင် တွေက ဖမ်းထပ်မံ ဖမ်းဆီး မိခဲ့ ပါတယ်။
ဒီအတွက် မြန်မာ သံရုံး ကို အင်ဒိုနီးရှား အာဏာပိုင် တွေက လုံခြုံရေး အပြည့်အဝ ပေးထား တယ်လို့ ဦးကျော်ဇေယျက ပြောပါတယ်။
ဂျာကာတာက မြန်မာ သံရုံး အပြင် အခုလို ထူးခြားတဲ့ အခြေအနေမျိုးမှာ တနိုင်ငံ လုံးမှာ ရှိတဲ့ မြန်မာသံရုံးတွေ အနေနဲ့ လုံခြုံရေး အထူး သတိထား ကြဖို့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနက ညွှန်ကြား ထားတယ် လို့လည်း သူက ပြောပါတယ်။
ရခိုင်ဘက် မှာတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဘက် ထွက်ပြေး ကြတဲ့ မွတ်ဆလင် လှေ ၈ စီးကို ပြန်မောင်း ထုတ်ခဲ့ တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့ တွေက ပြောပါတယ်။
နှစ်နိုင်ငံ နယ်စပ်Teknaf မြို့က နယ်ခြားစောင့် ရဲတပ်ဖွဲ့ အကြီးအကဲဗိုလ်မှူးကြီး Abuzar Al Zahid က အဲဒီ ဒုက္ခသည် တွေဟာ နတ်မြစ်ကို ဖြတ်ပြီး ဝင်ရောက် လာဖို့ ကြိုးစားခဲ့ကြတာလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းမှာ မြန်မာ နိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ် ကနေ ထောင်နဲ့ချီတဲ့ မွတ်ဆလင်တွေ ထွက်ပြေး ခဲ့ကြ တယ်လို့ ဆိုပါတယ်။