ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂျာကာတာ မြို့ဝန်ကို ဘာသာရေး စော်ကားမှုနဲ့ ဖမ်းဆီးဖို့ ဆန္ဒပြ
အင်ဒိုနီးရှား နိုင်ငံမှာ ဂျာကာတာ မြို့ဝန်ကို ဘာသာရေး စော်ကားမှုနဲ့ ဖမ်းဆီး အပြစ်ပေးဖို့ မွတ်ဆလင် ထောင်ပေါင်းများစွာက စုရုံး ချီတက် တောင်းဆို နေကြပါတယ်။
မြို့ဝန် Basuki Tjahja Purnama ဟာ ခရစ်ယာန် ဘာသာဝင် ဖြစ်ပြီး မွတ်ဆလင် အများစု ရှိတဲ့ ဂျာကာတာမြို့ရဲ့ ပထမဆုံး တရုတ်အနွယ် မြို့ဝန်လည်း ဖြစ်ပါတယ်။
သူဟာ ဒုတိယအကြိမ် သက်တမ်းအတွက် ထပ်အရွေးခံဖို့ စီစဉ်ထားသူ ဖြစ်ပြီး၊ ပြိုင်ဖက် မွတ်ဆလင်တွေက သူ့ကို မဲမပေးကြဖို့ ကိုရမ်ကျမ်းလာ အချက်တစ်ခုနဲ့ ပြောဆို စည်းရုံးနေတာကို သူက ပြန်လည် တုံ့ပြန် ပြောခဲ့ရာကနေ ဒီပြဿနာတွေ ပေါ်လာခဲ့တာပါ။
ဆန္ဒပြသူတွေဟာ အစောပိုင်းက Istiqlal ဗလီမှာ စုရုံးခဲ့ကြပြီးနောက် သမ္မတ အိမ်တော် အပြင်ဘက်ကို ရောက်လာပြီး မြို့တော်ဝန်ကို ဖမ်းဆီးဖို့ တောင်းဆို နေကြတာပါ။
ရဲတွေကတော့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်လာနိုင်တဲ့အတွက် ကြိုတင် ပြင်ဆင်နေကြပါတယ်။
၁၉၉၈ ခုနှစ်တနု်းက တရုတ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပေါ်ခဲ့ပြီးနောက် တရုတ် ဆိုင်တွေ၊ နေအိမ်တွေ မီးရှို့ခံခဲ့ရဖူးပါတယ်။