ယူကရိန်းစစ်ပွဲ- ဒဏ်ရာရသူတွေ ပြန်လည်ထူထောင်ရေး

ဂျိမ်း စ်ဝါတာဟောက်စ်

ယူကရိန်းသတင်းထောက်၊ လဗိဗ်

ယူကရိန်းတောင်ပိုင်းမိုင်းမှာ သူ့ တင့်ကားမိုင်း နင်းမိပြီး အီယာပီလီပန်ကို ဒဏ်ရာအပြင်း အထန်ရခဲ့
ဓာတ်ပုံ ပုံစာ, ယူကရိန်းတောင်ပိုင်းမိုင်းမှာ သူ့ တင့်ကားမိုင်း နင်းမိပြီး အီယာပီလီပန်ကို ဒဏ်ရာအပြင်း အထန်ရခဲ့

ယူကရိန်းတောင်ပိုင်း ခါဆန်ဒေသကို ယူကရိန်းတပ်တွေ တန်ပြန်ထိုးစစ်ဆင်ချိန် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ အစောပိုင်းက အီယာပီလီပန်ကို ဒဏ်ရာအပြင်း အထန်ရရှိခဲ့ပါတယ်။

အသက်၃၀ အီလီယာပန်ရဲ့ တင့်ကား မိုင်း နင်းမိခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သလို သူ့ ကိုယ်မှာလည်း မီးလောင်တဲ့ဒဏ်ရာတွေအများကြီး ကျန်ခဲ့ပါတယ်။

"ဘာလုပ်ရမလဲဆိုတာတောင် မစဥ်းစားတတ်ဘူး။အသက်ရှင်ဖို့အတွက်ပဲ ကြိုးစားနေရတယ်" လို့ အီလီယာက ပြောပါတယ်။

မိုင်းပေါက်ကွဲတဲ့နေရာကနေ အသက်လုထွက်နိုင်ခဲ့လို့ အီလီယာ အသက်ရှင်ခဲ့တာပါ။

အဲ့ဒီနောက်ပိုင်း မီးလောင်ဒဏ်ရာတွေအများကြီးကို ခွဲစိတ်ကုသမှုတွေလုပ်၊ အရေပြား အစားထိုးကုသတွေ ပြုလုပ်ခဲ့ရသလို၊သူ့ညာဘက်ခြေထောက် ဒူးအောက်ပိုင်းကနေ ဖြတ်ပစ်ခဲ့ရပါတယ်။

ဒဏ်ရာရပြီး ခြောက်လလောက်ကြာတဲ့အထိ သူ့ဘဝကို အပြောင်းအလဲဖြစ်စေခဲ့တဲ့ ဒဏ်ရာတွေ အကြောင်း သူပြန်တွေးမိနေတုန်းပါ။

“စိတ်ပျက်မှုနေသလို၊ မျှော်လင့်ချက်ရှိနေသေးတယ်ဆိုတဲ့ ခံစားချက်တွေကို တပြိုင်တည်း သူခံစားခဲ့ရပါတယ်။ အခုအချိန်မှာ ကုသမှု အခက်ခဲဆုံးအဆင့်ကို ကျော်ဖြတ်နိုင်လာပြီဖြစ်လို့ မကြာခင် ပြန်လမ်းလျှောက်နိုင်မယ်လို့ မျှော်လင့်နေတယ်”လို့ သူ့ ခံစားချက်ကို ပြောပြပါတယ်။

စစ်မဖြစ်ခင်တုန်းက အီယာဟာ ယူကရိန်းအလယ်ပိုင်း ဗင်နီဆီယာမြို့မှာ အိမ်ခြံမြေ အကျိုး ဆောင်အလုပ်ကို လုပ်ကိုင်ခဲ့တဲ့သူတစ်ဦးပါ။ အပြေးအားကစားကို ဝါသနာရှင် တစ်ဦးဖြစ်ပြီး ၂၀၂၁ခုနှစ် မာရသွန်အပြေးပြိုင်ပွဲ ပန်းဝင်တဲ့အထိ ပြေးနိုင်ခဲ့သလို နောက်ထပ်အပြေးပြိုင်ပွဲတွေလည်း ဝင်ပြိုင်ဖို့ စီစဥ်ထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ရုရှားက ယူကရိန်းကို ဝင်ရောက် ကျူးကျော်တိုက်ခိုက်အပြီး ရက်ပိုင်း အကြာမှာ စစ်ထဲဝင်ဖို့ သူ စာရင်းပေးခဲ့ပါတယ်။

ကိုယ့်ကိုယ်ကိုယ် လျှော့မတွက်သင့်သလို၊ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်မသနားသင့်ဘူးလို့ သူက ထပ်ပြောပြီး "အရာအားလုံးက ရှေ့မှာ ကျွန့်တော့်ကို စောင့်ကြိုနေတုန်းပါ။ ကျွန်တော် အခုထိ အသက်ရှင်နေသေးတယ်။ ကျန်းမာနေသေးတယ်။ ဘဝက မပြီးဆုံးသေးပါဘူး။"

အီလီယာဟာ Unbroken National Rehabilitation Centerမှာ ကုသမှုခံယူခဲ့သည့် လူနာ ၁၁၀၀၀ ထဲက တစ်ဦးဖြစ်
ဓာတ်ပုံ ပုံစာ, အီလီယာဟာ Unbroken National Rehabilitation Centerမှာ ကုသမှုခံယူခဲ့သည့် လူနာ ၁၁၀၀၀ ထဲက တစ်ဦးဖြစ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ယူကရိန်းတနိုင်ငံလုံးမှာ ရှိတဲ့ ဆေးရုံ ၁၄၄ ရုံထဲက လဗိဗ်မြို့ အထွေထွေရောဂါကုဆေးရုံဟာ ဒဏ်ရာရတဲ့ စစ်သားတွေနဲ့ အရပ်သားတွေအတွက် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကုသမှုတွေ လုပ်ပေးနေတဲ့ ဆေးရုံတစ်ရုံပါ။

အဲ့ဒီဆေးရုံက လူနာတွေထဲမှာ စစ်ယူနီဖောင်းဝတ် အမျိုးသားတွေကိုလည်း တွေ့ရတဲ့အတွက် ဆေးရုံအခြေအနေက ပုံမှန်အခြေအနေနဲ့ မတူပါဘူး။ ဆေးရုံအဆောက်အအုံထဲ ဆက်ဝင်လိုက်ရင် လူငယ်အများစုကို ဆေးရုံစင်္ကြံတွေမှာတွေ့ရပြီး သူတို့ အများစုက ခြေတွေ၊လက်တွေ ဆုံးရှုံးထားရသူတွေ ဖြစ်ပါတယ်။

သူတို့ အများစုရတဲ့ဒဏ်ရာတွေက လက်နက်ကြီးကျည်မှန်လို့ ရတယ်ဆိုတာ ယူကရိန်း ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

ယူကရိန်းနိုင်ငံသား နှစ်ဦးမှာ တစ်ဦးကို ပြန်လည်ထူထောင်ရေးလုပ်ပေးဖို့ လိုတဲ့အကြောင်း မနှစ်က ရုရှားကမကျူးကျော်ခင် ယူကရိန်းအရှေ့ဘက် ရှစ်နှစ်ကြာ တိုက်ပွဲတွေ ဖြစ်ချိန် ကတည်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောထား ပါတယ်။ ဒီလိုအ ခြေအနေကိုရောက်ရတဲ့ အကြောင်းရင်းထဲမှာ ကိုဗစ်ကပ်‌ရောဂါကြောင့်လည်း ပါတယ်လို့ ကပ်ရောဂါကိုလည်း WHOက အပြစ်တင်ခဲ့ ပါတယ်။

ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံတစ်ဝန်း ပြန်လည်ထူထောင်ရေး ဝန်ဆောင်မှုလုပ်ငန်းတွေမှာ လိုအပ်ချက်တွေ သိသိသာသာ တိုးလာပါတယ်။ စစ်ပွဲမှာဒဏ်ရာရပြီး ကိုယ်လက် အင်္ဂါတွေဆုံးရှုံးခဲ့သူတွေကို လေ့ကျင့် သင်ကြားပေးဖို့ ခေတ်မီ အားကစားခန်းမတွေတည် ထောင်ဖို့ ရန်ပုံငွေတွေ နိုင်ငံတကာမဟာမိတ်တွေနဲ့ ပြည်တွင်း အလှူရှင်တွေက ထောက်ပံ့ထားပါတယ်။

စင်တာမှာ ဆေးကုသမှု ခံယူနေသူ အများစုက ခြေတွေလက်တွေ ဆုံးရှုံးခဲ့ရတဲ့သူတွေဖြစ်
ဓာတ်ပုံ ပုံစာ, စင်တာမှာ ဆေးကုသမှု ခံယူနေသူ အများစုက ခြေတွေလက်တွေ ဆုံးရှုံးခဲ့ရတဲ့သူတွေဖြစ်

ဒါပေမဲ့ အဲဒီလို ထောက်ပံ့မြှုပ်နှံမှုတွေပေးနေတဲ့ကြားက ယူကရိန်းနိုင်ငံရဲ့ ကျန်းမာရေးစနစ်က လိုအပ်ချက်တွေအများကြီးရှိနေဆဲပါ။

အရပ်သားတွေနဲ့ စစ်သားတွေ ဆေးရုံတွေမှာ ပြည့်ကျပ်နေတာကြောင့် ပဋိဇီဝဆေးယဉ်ပါးမှု ပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားရုန်းကန်နေရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒဏ်ရာရသူတွေကို အဓိကဦးစားပေးကုသနေရတဲ့အချက်ကလည်း ကင်ဆာရောဂါ ရှာဖွေကုသတာ၊ စိတ်ကျန်းမာရေး ပံ့ပိုးပေးတဲ့ကိစ္စတွေအတွက် ထိခိုက်မှုတွေ ရှိနေပါတယ်။

ယူကရိန်းကျန်းမာရေးဝန်ကြီးဌာန ရုပ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ရေးတာဝန်ခံ ဗာဆယ် စထရီကာက ခွဲစိတ်ကုသမှုတွေလုပ်ရမှာတာတွေ ပယ်ဖျက်နေရပြီး၊ ကင်ဆာကုသမှုတွေနှောင့်နှေးတာ ကြောင့် လူသေဆုံးမှု ပိုများလာတယ်လို့ ဝန်ခံထားပါတယ်။

ကိုးနှစ်ကြာ ရုရှားရဲ့ ရန်လိုတိုက်ခိုက်မှုကြောင့် ဒဏ်ရာရ စစ်သားတွေ ကုသဖို့ အတွေ့အကြုံတွေ အများကြီးရခဲ့ပေမဲ့ ကုသမှုအရည်အသွေးနဲ့ ပတ်သက်ရင်တော့ ပြောစရာတွေရှိနေတဲ့အကြောင်း မစ္စတာ စထရီကာက ပြောပါတယ်။

“ဆရာဝန်တွေက ဒဏ်ရာရသူတွေကို ပြန်လည် ထူထောင်ရေး ကောင်းကောင်း လုပ်ပေးနေတဲ့ ဆေးရုံတချို့ ရှိသလို၊ တချို့ဆေးရုံတွေမှာ ဘာအတွေ့အကြုံမှမရှိတဲ့ ဆရာဝန်တွေနဲ့ ကုသမှုတွေ လုပ်နေရတဲ့အတွက် ကျန်းမာရေး စောင့်ရှောက်မှု မလုံလောက်ဘူးလို့ ပြောလို့ရပါတယ်။”

ဒဏ်ရာရစစ်သားတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပုံမှန် လေ့ကျင့်ခန်းတွေ လုပ်ပေးနေချိန်မှာပဲ သူတို့ရဲ့စိတ်တွေက အဝေးမှာကျန်ခဲ့တဲ့ သူတို့ဒဏ်ရာရခဲ့တဲ့ ရက်စက် ကြမ်းကြုတ်တဲ့ တိုက်ပွဲတွေမှာ ရှိနေဆဲပါ။

စစ်ပွဲကရတဲ့ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်တွေကို အဓိကဦးစားပေးကုသနေရတာကြောင့် ယူကရိန်း နိုင်ငံတစ်ဝန်းမှာ စိတ်ကျန်းမာရေး ပြဿနာကြီးထွားလာနေတယ်လို့ ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။

ဒီလိုအခက်အခဲတွေရှိနေတဲ့ကြားမှာပဲ ပိုပြည့်စုံတဲ့ဘဝတစ်ခုကို တည်ဆောက်နိုင်ဖို့ ကြိုးစားနေတဲ့ သူတွေကိုလည်း တွေ့ရပါတယ်။

ပြီးခဲ့တဲ့နှစ်မေလ မေးရိုးကျိုး၊ တင်ပါးဆုံရိုးကျိုးတာ ကုသမှုခံယူနေတဲ့ အချိန် ဆေးရုံမှာ ဟာလစ်နဲ့ ဘီဘီစီ တွေ့ဆုံခဲ့
ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့နှစ်မေလ မေးရိုးကျိုး၊ တင်ပါးဆုံရိုးကျိုးတာ ကုသမှုခံယူနေတဲ့ အချိန် ဆေးရုံမှာ ဟာလစ်နဲ့ ဘီဘီစီ တွေ့ဆုံခဲ့

ဟာလစ်စတွိုက်ကို သူ့သူငယ်ချင်းတွေနဲ့ အတူ ပြေးနေတာကို ချမ်းအေးလှတဲ့ ကိယက်ဗ်မြို့ မနက်ခင်းမှာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့နှစ် မေလက သူ့ကို နောက်ဆုံးတွေ့ခဲ့တာက တင်ပါးဆုံရိုးနဲ့ မေးရိုးကျိုးတာကို ကုသမှုခံယူဖို့ ဆေးရုံခုတင်ပေါ်မှာပါ။

သူဟာ အရှေ့တောင်ဘက် မာရီယူပိုးလ်မြို့ ရုရှားတပ်တွေရဲ့ ကျူးကျော်မှုကို ခုခံကာကွယ်ရင်း ဒဏ်ရာရခဲ့ပါတယ်။ အဲဒီတုန်းကသူ အဖမ်းခံရပေမယ့်လည်း အိမ်ရောက်အောင် ပြန်လာနိုင်ခဲ့ပါတယ်။

ရှေ့တန်းကိုပဲ ပြန်သွားချင်တယ်ဆိုတာကို သူအမြဲပြောနေပေမယ့်၊ သူ့မျက်လုံး တစ်ဖက်ကွယ်သွားတဲ့အတွက် စစ်သားဘဝကို လက်လွှတ်လိုက်ရပါတယ်။ အခုတော့ စစ်မှုထမ်းဟောင်းဗဟိုဌာနတစ်ခုမှာ စစ်မှုထမ်းဟောင်းတွေအတွက် အခမ်းအနားနဲ့ ဟောပြောပွဲတွေ စီစဉ်ပေးတဲ့အလုပ်ကို ဟာလစ် လုပ်နေပါတယ်။

ဒီအခြေနေကိုရောက်လာဖို့ သူ့အနေနဲ့ အချိန်အများကြီး ကြိုးစားရုန်းကန်ခဲ့ရတယ်လို့ ဟာလစ်က ပြောပါတယ်။

“ကျွန်တော်နဲ့ အတူတူ တာဝန်ထမ်းဆောင်ခဲ့သူတွေ ကျဆုံးတာနဲ့ အဖမ်းခံရတာတွေကြောင့် တာဝန်မကျေဘူးလို့ ခံစားမိပြီး ဝမ်းနည်းခဲ့ရတယ်။ ကျွန်တော်တို့ တပ်စိတ်မရှိတော့ဘူးလို့ သိလိုက်ရတဲ့အချိန်မှာလည်း အရမ်းဝမ်းနည်းမိတယ်။ကျွန်တော် တပ်ထဲ ပြန်မသွားနိုင်တာကလည်း သူ့တိုကို သစ္စာဖောက်တာ မဟုတ်ဘူးဆိုတာ အခုတော့ လက်ခံသဘောပေါက်သွားပြီ။”

အခြားစစ်မှုထမ်းဟောင်းတွေအတွက် ပြန်လည်ထူထောင်ရေးကို ဟာလစ် ကူညီဆောင်ရွက်ပေးနေ
ဓာတ်ပုံ ပုံစာ, အခြားစစ်မှုထမ်းဟောင်းတွေအတွက် ပြန်လည်ထူထောင်ရေးကို ဟာလစ် ကူညီဆောင်ရွက်ပေးနေ

အပြစ်ရှိတယ်လို့ ခံစားနေရတာတွေပျောက်သွားအောင်၊ အထီးကျန်မှုတွေက လွတ်မြောက် သွားအောင် ကူညီကုသပေးခဲ့တဲ့ စိတ်ရောဂါအထူးကုကိုလည်း ကျေးဇူးတင်တဲ့အကြောင်း ဟာလစ်က ပြောပါတယ်။

"ကျွန်တော့်မှာ စိန်ခေါ်မှုတချို့ ရှိခဲ့ပါတယ်။ကြောက်စရာကောင်းတဲ့အခြေအနေကနေ အသက်ရှင် လွတ်မြောက်လာတယ်ဆို အသိအမှတ်ပြု လက်ခံဖို့ ၊ ကျွန်တော့်သူငယ်ချင်းတွေရဲ့ ထောက်ခံ အားပေးမှုလို ဒီစစ်ပွဲရဲ့ အံ့ဖွယ်အရာတွေအားလုံးကိုလည်း အသိအမှတ်ပြုနိုင်ခဲ့ပါတယ်။"

ယူကရိန်းစစ်သားတွေအတွက် စိတ်ကျန်းမာရေး ကုသမှုလုပ်ငန်းစဉ်က စစ်ပွဲဆက်ဖြစ်ပွားနေမှုနဲ့အတူ အခက်အခဲတွေ ပိုရှိလာနေပါတယ်။ အသက် ၂၆ နှစ် စစ်သားဟောင်း ဟာလစ် ရှေ့မှာကြုံရတာတွေအားလုံးကို ရင်ဆိုင်ဖို့ပြင် ဆင်ထားပေမဲ့ ဖြစ်နိုင်ခြေရှိတာတွေကိုပဲ ရွေးလုပ်ရမှာဖြစ်ပြီး အကန့်အသတ်စိန်ခေါ်မှုတွေကလည်း ဆက်ရှိနေဆဲပါ။