ဤဘောလုံး စည်းဖြတ်သလား

World Cup

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဂျပန်နဲ့စပိန် အုပ်စုပွဲမှာ ဂျပန်ဘက်က ကန်တင်လိုက်တဲ့ ဘောလုံး

ဤဘောလုံး စည်းဖြတ်သလား ဆိုတဲ့မေးခွန်းဟာ တကယ်တော့ ဂျာမနီအသင်းအတွက် နှစ်ချို့ ဝိုင် လို ဖြစ်နေခဲ့ပါပြီ။ ၁၉၆၆ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ အင်္ဂလန်က သွင်းတဲ့ ၄ ဂိုးထဲက ၁ ဂိုးကိုလည်း အဲဒီလို စည်းဖြတ်ခဲ့ရဲ့လား ဆိုပြီး မေးခွန်းထုတ်ခဲ့ဖူးသလို ယနေ့ထက်တိုင် အငြင်းပွားစရာ ဖြစ်နေဆဲပါ။

ကမ္ဘာ့ဖလား အုပ်စု E ရဲ့ နောက်ဆုံး ပွဲစဉ်တွေမှာ ဂျပန်က စပိန်ကို ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ခဲ့တဲ့ ပွဲမှာ ဂျပန်ရဲ့ အနိုင်ဂိုးဟာ စည်းကို ဖြတ်ပြီးသား ဘောလုံးကို ဂိုးရှေ့ကို ပြန်တင် ပေးလိုက်တာလား။ ဒါမှမဟုတ် ဘောလုံးက စည်းကို လုံးလုံးလျားလျား မဖြတ်သေးဘူးလို့ ဆိုနိုင်သလား စသည်ဖြင့် မေးခွန်းတွေ ထွက်လာပြန်ပါတယ်။ အဲဒီဘောလုံးက စည်းကို ဖြတ်ခဲ့သည်ဖြစ်စေ မဖြတ်ခဲ့သည်ဖြစ်စေ ဂျာမနီကတော့ အဲဒီ ဂိုးကြောင့်ပဲ အုပ်စုစည်းကို မဖြတ်နိုင်ဖြစ်ပြီး အိမ်ပြန်ခဲ့ရပြီ ဖြစ်ပါတယ်။

ကာအိုရု မီတိုမာက ကွင်းထဲက ထွက်နေပြီလို့ ထင်ရတဲ့ ဘောလုံးကို ဖြတ်တင်ပေးခဲ့တာ ဖြစ်ပြီး အအို တနာကာက ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဖန်သားပြင်မှာ ထင်လာတဲ့ ပုံရိပ်တွေကိုပဲ ချဲ့ကြ ဖြတ်ကြနဲ့ ကြည့်ကြပေမဲ့ အဲဒီဘောလုံး တလုံးလုံး ကွင်းစည်းကို ဖြတ်သွားခဲ့သလား ဆိုတော ပြောဖို့ ခက်နေခဲ့ပါတယ်။ အဆုံးမှာ ဒီဘောလုံးဟာ တလုံးစာလုံး ကွင်းစည်းကို မဖြတ်သွားခဲ့ပါဘူးလို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

World Cup

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဤဘောလုံး စည်းဖြတ်သလား

တနည်းအားဖြင့် ပြောရရင် ကွင်းရဲ့ စည်းအပေါ်ကနေ စိတ်နဲ့ မျဉ်းတခုကို ၉၀ ဒီဂရီ ထောင့်မှန်မျဉ်း ထောင်ပြီး ဆွဲကြည့်မယ် ဆိုရင် အဲဒီမျဉ်းဟာ ဘောလုံးရဲ့ ကွေးနေတဲ့ နေရာကို ဖြတ်ဝင်နေမှာ ဖြစ်ပါတယ်။ ဘောလုံးရဲ့ မြေနဲ့ ထိတဲ့အပိုင်းက အကုန်လုံး စည်းပြင်ရောက်နေပေမယ့် အပေါ်နားက ကွေးနေတဲ့ နေရာလေးဟာ စည်းပေါ်မှာ မဆိုစလောက် ကျန်နေဆဲ တနည်းအားဖြင့် ဘောလုံးအရိပ်ကျနေဆဲ ဖြစ်တာကြောင့်ပါ။

ကနဦးမှာ အဲဒီဂိုးကို စည်းကြပ်ဒိုင်က မပေးခဲ့ပါဘူး။ ဒါပေမယ့် ဗီဒီယို အကူဒိုင်က ကြားဝင်ပြီး ဂိုးပေးခဲ့တာပါ။ ဒီဂိုးကြောင့် ဂျပန်က ၁ ဂိုးအရှုံးကနေ ၂ ဂိုးပြန်သွင်းကာ ပွဲကိုဦးဆောင်သွားခဲ့ပြီး အဲဒီအနိုင်ကို ပွဲသိမ်း ခရာမှုတ်ချိန်အထိ ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။

World Cup

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဤဘောလုံး စည်းဖြတ်သလား

စပိန်နည်းပြ ဘာပြောသလဲ

စပိန်နည်းပြ လူးဝဇ် အန်နရီကေးကတော့ ပြင်ထားပုံ ရတဲ့ ဓာတ်ပုံတပုံ တွေ့ရကြောင်း၊ လုံးဝအစစ်တော့ မဖြစ်နိုင်ကြောင်း ပြောပါတယ်။

ဗီဒီယို အကူဒိုင်က အကြာကြီး စဉ်းစားနေကတည်းက စိတ်ထဲမှာ တခုခုတော့ မှားနေပြီဆို မသိုးမသန့် ခံစားမိခဲ့တဲ့ အကြောင်းနဲ့ ဒီထက်ပိုပြီး ဘာမှမပြောတတ်ဘူးလို့ ဆိုပါတယ်။

သူ့အသင်းဟာ ၄ နှစ်မှ တခါလောက် ခြေပျက်တတ်တာကပဲ သူ့အတွက် တော်သေးတယ်လို့ ပြောသွားခဲ့ပါတယ်။

Skip X post, 1
X ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

သတိပေးချက်- ပြင်ပဝက်ဆိုက်များတွင်ပါဝင်သောအကြောင်းအရာများအတွက် ဘီဘီစီကတာဝန်မယူပါ။

End of X post, 1

အဲဒီ ဂျပန်ရဲ့ ဂိုး ကိစ္စဟာ လူမှုကွန်ရက်တွေပေါ်မှာပါ ငြင်းခုံ ဆွေးနွေးစရာတွေ ဖြစ်လာနေပါတယ်။ Hawk-Eye လို့ ခေါ်တဲ့ နည်းပညာနဲ့ စည်း ဖြတ် မဖြတ် မဆုံးဖြတ်နိုင်ခဲ့သလို ခုထက်ထိတိုင် ဖြေရှင်းချက် ထုတ်တဲ့ ပုံတွေလည်း ထုတ်ပြန်လာတာ မရှိသေးတာကြောင့် ဘောလုံး ပရိသတ်တွေအကြား ဒီဘောလုံး စည်းဖြတ် မဖြတ်ကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ရှင်းလင်း တင်ပြနေကြပါတယ်။

ITV က ဘောလုံး ဝေဖန်သူ အရင် လစ်ဗာပူးလ်နဲ့ စကော့တလန် ဘောလုံးသမား ဂရေဟန် ဆူးနက်စ်က တော်တော် ဆိုးဝါး ကိုးရိုးကားရား နိုင်လှတယ်ဆိုပြီး ဒီကိစ္စကို မေးခွန်းထုတ်ခဲ့သလို စပိန်နည်းပြကလည်း သူမြင်ရတဲ့ ပုံက မှန်ကန်ရဲ့လား မပြောနိုင်ကြောင်း ပြောပေမဲ့ ဖီဖာဘက်ကတော့ ဘာမှ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

ဒါကြောင့်လည်း ဗုဒ္ဓဟူးနေ့က ပွဲတွေအပြီး ဘောလုံး ပရိသတ်တွေက ခေတ်ပေါ် နည်းပညာတွေကို သုံးပြီး ကင်မရာ ရှုထောင့်အရ ဘောလုံးက ထွက်နေသလို ထင်ရပေမဲ့ တကယ်တမ်းက မထွက်သေးဘူး ဆိုပြီး ရှင်းလင်းပြလာကြတာကို တွေ့ရပါတယ်။

Skip X post, 2
X ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

သတိပေးချက်- ပြင်ပဝက်ဆိုက်များတွင်ပါဝင်သောအကြောင်းအရာများအတွက် ဘီဘီစီကတာဝန်မယူပါ။

End of X post, 2

Skip X post, 3

End of X post, 3

တချိန်က အငြင်းပွားစရာ အဖြစ်များ

ဒီအငြင်းပွားစရာ ဂိုးကြောင့် ပြီးခဲ့တဲ့ ၂၀၁၀ က ဂျာမနီအသင်းနဲ့ပဲ ပွဲမှာ အင်္ဂလန်က ဖရန့်လန်းပတ်ဒ် ရဲ့ တစ္ဆေဂိုးကို ပြန်အမှတ်ရစေခဲ့သလို ၁၉၆၆ က အင်္ဂလန်နဲ့ ဂျာမနီတို့ ဗိုလ်လုပွဲရဲ့ အချိန်ပိုမှာ အင်္ဂလန်ရဲ့ ဂျက်ဖ်ဟတ်စ် သွင်းတဲ့ ဂိုးတွေကိုပါ ဂျာမနီပရိသတ်တွေလည်း ပြန်အောက်မေ့မိကြမှာ ဖြစ်ပါတယ်။

အခုတခါ ကာတာပွဲမှာလည်း ဂျပန်ရဲ့ ဒီအနိုင်ဂိုးနဲ့ ရခဲ့တဲ့ ၃ မှတ်က ဂျာမနီကို လေယာဉ်လက်မှတ် ဖြစ်သွားစေခဲ့ပါပြီ။ ဒါကြောင့်လည်း ကမ္ဘာ့ဖလား ၄ ကြိမ် ချန်ပီယံ အသင်းဟာ နောက်ဆုံး ကမ္ဘာ့ဖလား ၂ ကြိမ်ဆက် ချန်ပီယံအိပ်မက် ပျက်ပြီး အုပ်စုကနေ လှည့်ပြန်ခဲ့ရပြီ ဖြစ်ပါတယ်။

Fifa ဘက်က နောက်ဆုံးထုတ်ပြန်လာတဲ့ ဗီဒီယို

Skip X post, 4
X ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

သတိပေးချက်- ပြင်ပဝက်ဆိုက်များတွင်ပါဝင်သောအကြောင်းအရာများအတွက် ဘီဘီစီကတာဝန်မယူပါ။

End of X post, 4

ဖီဖာရဲ့တွစ်တာကနေ ထုတ်ပြန်တဲ့ ဗီဒီယိုမှာတော့ ဘောလုံးအစွန်းဟာ အပေါ်တည့်တည့်ကနေ ကြည့်ရင် မျဥ်းပေါ်ကနေ ေကျာ်မသွားသေးဘူးဆိုတာကို ဒိုင်တွေက VAR ဗီဒီယိုတွေကို ကြည့်ပြီး ဆုံးဖြတ်ခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။