ဆော်ဒီအမျိုးသမီးတွေ ဘောလုံးပွဲ ကြည့်ခွင့်ရပြီ

ဆော်ဒီ အာရေဗျမှာ ပထမဆုံး အနေနဲ့ သမိုင်း၀င် အမှတ်တရ အဖြစ် အမျိုးသမီးတွေကို ဘောလုံးပွဲတွေ ကွင်းထဲ ၀င်ကြည့်ခွင့် ပေးလိုက်ပါတယ်။

Jeddah မြို့က ဘောလုံးကွင်းမှာ Al-Ahli အသင်းနဲ့Al-Batin အသင်းတို့ ကစားတဲ့ပွဲမှာ အမျိုးသမီးချည်း သီးသန့် နေရာမှာ အားပေးနေတဲ့ ဓါတ်ပုံတွေကို ဆော်ဒီ အမျိုးသမီးတွေက ရိုက်ယူပြီး လူမှုကွန်ယက် ပေါ်မှာ ဖြန့်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေ အတွင်း လူ့အခွင့်အရေး သမားတွေရဲ့ တောင်းဆိုချက်ကို တုန့်ပြန်တဲ့ အနေနဲ့ ဆော်ဒီမှာ တင်းကျပ်ထားတဲ့ အမျိုးသမီးတွေရဲ့ ရပိုင်ခွင့်တွေကို တဖြည်းဖြည်း ဖြေလျှော့ပေးလာတာ တွေ့ရပါတယ်။

အစောပိုင်းတုန်းကလည်း ဂျဒက်မြို့မှာ အမျိုးသမီးတွေ အတွက် သီးသန့် ကားပြခန်းတခု ဖွင့်လှစ်ခဲ့ပါတယ်။

ဆော်ဒီ အာဏာပိုင်တွေဟာ အမျိုးသမီးတွေ ကားမောင်းခွင့်ကို ပြီးခဲ့တဲ့ ဇွန်လကမှ ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။