စစ်တပ်တွင်း ပြုပြင် ပြောင်းလဲရေး လုပ်မယ်

ဓာတ်ပုံ ရင်းမြစ်, AP
တူရကီမှာ စစ်တပ်တွင်း ပြုပြင် ပြောင်းလဲရေး အကြီးအကျယ် လုပ်မယ်လို့ သမ္မတ ရာရစ် တိုင်ရစ်ပ် အယ်ဒို၀မ်က ကြေညာလိုက်ပါတယ်။
စစ်ပညာသင်ကျောင်းတွေကို ဖျက်သိမ်းပစ်ပြီး တောင့်တင်းတဲ့ ထောက်လှမ်းရေး အေဂျင်စီ ထူထောင်ကာ ကာကွယ်ရေး ဉီးစီးချုပ်ကိုလည်း သူ့လက်အောက်မှာထား တိုက်ရိုက် အုပ်ချုပ်ချင်တယ်လို့ မစ္စတာ အာဒိုဂမ်က ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်း နှစ်ပတ်တုန်းက တူရကီမှာ စစ်တပ်က ဉီးဆောင်တဲ့ မအောင်မြင်တဲ့ အာဏာသိမ်းမှု ဖြစ်ခဲ့ပြီးတဲ့နောက် အခုလို တပ်တွင်း ပြောင်းလဲမှုတွေ လုပ်ဖို့ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
လက်ရှိ အခြေအနေမှာတော့ စစ်တပ်အပေါ် အရပ်ဖက်က ချုပ်ကိုင်မှု အနည်းအကျဉ်းသာ ရှိတာ ဖြစ်ပါတယ်။




