တူရကီ လေဆိပ် ဗုံးခွဲသူတွေ ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, EPA
ပြီးခဲ့တဲ့ အင်္ဂါနေ့က အစ္စတန်ဘူလ် မြို့ရဲ့ အဓိက လေဆိပ်ကို အသေခံ ဗုံးခွဲ တိုက်ခိုက်ခဲ့သူ သုံးယောက်ဟာ ရုရှ ၊ ဥဇဘက် ကစ္စတန်နဲ့ ခါဇက် စတန် နိုင်ငံတို့က လူတွေ ဖြစ်တယ်လို့ တူရကီက ပြောပါတယ်။
အဲဒီလူ သုံးယောက်လုံးဟာ သူတို့ကိုယ်မှာ တပ်ထားတဲ့ ဗုံးတွေကို ခွဲပြီး အသေခံ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း လူ လေးဆယ်နီးပါး သေဆုံးခဲ့ပြီး ဒါဟာ အစ္စလာမ္မစ် စတိတ် အကြမ်းဖက် အဖွဲ့ရဲ့ လက်ချက်လို့ တူရကီ နဲ့ အမေရိကန် အစိုးရတို့က ယူဆနေကြပါတယ်။
အစ္စတန်ဘူလ်နဲ့ အစ်ဇ်မီယာ ကမ်းခြေမြို့ တို့မှာ ရဲတွေက စီးနင်း ရှာဖွေမှု တော်တော်များများ လုပ်ခဲ့ပါတယ်။
လူ ၁၃ ယောက်ကိုလည်း ထိန်းသိမ်းခဲ့ပြီး အဲဒီ အထဲမှာ အနည်းဆုံး တယောက်က နိုင်ငံခြားသား ဖြစ်ပါတယ်။




