ဆော်ဒီကို ထောက်ခံကြောင်း အာရပ် လိဂ် ပြသနေ

nimr_protest

ဓာတ်ပုံ ရင်းမြစ်, epa

ဓာတ်ပုံ ပုံစာ, ဆော်ဒီ အစိုးရက ရှီအာ ဘာသာရေး ခေါင်းဆောင် နီမာ အယ်လ် နီမားကို ကွပ်မျက် လိုက်တဲ့ နောက် နောက်ဆက်တွဲ ဖြစ်ရပ်တွေ ပေါ်ပေါက် လာတာ ဖြစ်ပါတယ်။

ဆော်ဒီ အာရေဗျ နိုင်ငံ ဟာ အီရန်ရဲ့ ရန်လို ကျူးလွန် မှုတွေ နဲ့ ရင်ဆိုင်နေရတာ ဖြစ်တယ် ဆိုပြီး အာရပ် အဖွဲ့ချုပ် ဝင် နိုင်ငံ တွေ ရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ က ပြောကြား လိုက်ပါတယ်။

ဒါဟာ သူတို့ အနေနဲ့ ဆော်ဒီ အပေါ်မှာ ထောက်ခံ ကြောင်း ပြသ လိုက်တာပဲ ဖြစ်ပါတယ်။

ဆော်ဒီ နဲ့ အီရန် အကြား ဆက်ဆံရေး ဆိုးရွား သွားခဲ့တဲ့ ပြဿနာ အပေါ် ဝိုင်းဝန်း ဆွေးနွေးကြဖို့ အာရပ် အဖွဲ့ချုပ် က ခေါ်ယူ ခဲ့တဲ့ အရေးပေါ် အစည်းအဝေး အပြီး ကြေညာချက် တစ်စောင် ထွက် လာတာမှာ အီရန် မြို့တော် တဟီရန် မှာ ရှိတဲ့ ဆော်ဒီ အာရေဗျ သံရုံးကို အကာအကွယ် ပေးဖို့ အီရန် အစိုးရ က ပျက်ကွက် ခဲ့တယ် ဆိုပြီး ရေးထား ပါတယ်။

လက်ရှိ မှာတော့ ဆော်ဒီ က အီရန်မှာ ရှိတဲ့ သူတို့ သံရုံးကို အီရန် ဆန္ဒပြသမားတွေ က တိုက်ခိုက် ခဲ့ပြီးတဲ့ နောက် အီရန်နဲ့ အကြား ဆက်ဆံရေး အားလုံးကို ဖြတ်တောက် ထားပါတယ်။

ဆော်ဒီ အစိုးရက ရှီအာ ဘာသာရေး ခေါင်းဆောင် နီမာ အယ်လ် နီမားကို ကွပ်မျက် လိုက်တဲ့ နောက် နောက်ဆက်တွဲ ဖြစ်ရပ်တွေ ပေါ်ပေါက် လာတာ ဖြစ်ပါတယ်။