တရုတ် အပျက်အစီးတွေ အောက်က အသက်မသေ ကယ်ဆယ်

china

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, ဒဏ်ရာ ပြင်းထန်စွာ ရခဲ့တဲ့ တရုတ်လူငယ်

တရုတ်နိုင်ငံ တောင်ပိုင်း ရှန် ဂျင်း မြို့မှာ ပြိုကျတဲ့ အဆောက်အဦ အပျက်အစီးတွေ အောက်က ဗုဒ္ဓဟူး နေ့ မနက် အစောပိုင်းက အမျိုးသား တယောက် ကို အသက် မသေဘဲ ကယ်ဆယ် နိုင်ခဲ့ပါတယ်။

၂၁ နှစ် အရွယ် တရုတ် လူငယ် တီယန် ဇမင်း ဟာ မြေကြီးနဲ့ ရွှံ့နွံတွေ အောက်မှာ ၂ ရက် ခွဲလောက် ပိတ်မိနေ ပြီး အသက် မသေ ပြန်လွတ် လာတာ ဖြစ်ပါတယ်။

သူ့ခြေထောက်မှာ ဒဏ်ရာ ပြင်းထန်စွာ ရခဲ့ပါတယ်။

ပြိုကျမှု ဖြစ်တာ ၃ ရက်ကြာ ရှိနေပေမယ့် ခုထိ အလောင်း ၃ လောင်း ပဲ ပြန်တွေ့ရပါတယ်။

လူ ၇ဝ ကျော် ပျောက်ဆုံးနေပြီး ဒီလူတွေ သေဆုံးကုန်ပြီ လို့ ယူဆ ရပါတယ်။