တရုတ်မှာ ၂ထပ်တိုက်ပြိုကျ ၁၇ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, Reuters
တရုတ်နိုင်ငံ ဟီနန်ခရိုင် အလယ်ပိုင်းမှာ ၂ထပ်တိုက်တစ်လုံးပြိုကျလို့ ဆောက်လုပ်ရေး လုပ်သား၁ရဦးသေဆုံးပြီး ၂၃ဦးဒဏ်ရာရခဲ့ပါတယ်။
ကယ်ဆယ်ရေးသမားတွေဟာ အပျက်အစီးအပုံအောက်တွေထဲက သေဆုံးသူတွေရဲ့ကိုယ်ခန္ဒာတွေကို ညလုံးပေါက်ဆွဲထုတ်ခဲ့ရပြီး အသက်ရှင်ကျန်ရစ်သူတွေကိုကယ်ဆယ်ခဲ့ရပါတယ်။
ဒဏ်ရသူတွေထဲက ဒဏ်ရာပြင်းထန်တဲ့ ၉ဦးကိုတော့ အနီးဆုံးဆေးရုံတစ်ရုံမှာ အရေးပေါ်ကုသပေးထားရပါတယ်။ အဆောက်အဦးရဲ့အောက်ခြေပိုင်းကို ပြင်ဆင်မှုလုပ်နေတဲ့အချိန်မှာ အခုလိုပြိုကျခဲ့ တာဖြစ်တယ်လို့ ဒေသခံတာဝန်ရှိတဲ့သူတွေကပြောကြားခဲ့ပါတယ်။




