တူရကီ ဗုံးခွဲသူ လက်သည်ဖော်ထုတ်

တူရကီ နိုင်ငံ အန်ကာရာ မြို့တော်မှာ အရင်တပတ်က ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲ တိုက်ခိုက်မှု ၂ ခုမှာ အသေခံ ဗုံးဖောက်ခွဲသူ ၂ ယောက်ရဲ့ နာမည် တွေကို တူရကီ အစိုးရ အရာရှိ တယောက်က ဘီဘီစီ ကို အတည်ပြု ပြောကြား ပါတယ်။
Yunus Emre Alagoz နဲ့ Omer Deniz Dundar တို့ ၂ ယောက်ဟာ IS အစ္စလာမ္မစ် နိုင်ငံ တပ်နဲ့ ဆက်စပ် တယ်လို့ ယူဆ ရပေမယ့် ဒါကို အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။
Alagoz ဟာ တူရကီ တောင်ပိုင်းက ဆိုရုချ် မြို့ မှာ ဇူလိုင်လက ဖြစ်ပွားခဲ့တဲ့ အသေခံ ဗုံးခွဲမှု လက်သည်နဲ့ ညီအစ်ကို တော်တယ်လို့ သိရပါတယ်။
အဲဒိတုန်းကလည်း လူ ၃ဝ ကျော် သေဆုံး ခဲ့ရပါတယ်။
နောက် Dundar ကတော့ ဆီးရီးယားကို ၂ ခါသွားဖူးတယ် လို့ ဆိုပါတယ်။
အန်ကာရာမှာ စနေနေ့က ဖြစ်ပွားတဲ့ တိုက်ခိုက်မှု တွေ အတွင်း လူ တရာ နီးပါး အသက်ဆုံးရှုံး ခဲ့တယ် လို့လည်း တူရကီ အစိုးရက ပြောကြား ပါတယ်။




