ယူကရိန်း ပါလီမန်ရှေ့ အကြမ်းဖက် အုံကြွ

ဓာတ်ပုံ ရင်းမြစ်, Reuters
ယူကရိန်းနိုင်ငံ မြို့တော် ကိယက်ဗ် ရဲ့ ပါလီမန် အဆောက်အဦ ရှေ့က ဆန္ဒပြပွဲ ကနေ အကြမ်းဖက် အုံကြွမှု တွေ ဖြစ်ပေါ် လာပါတယ်။
အရှေ့ဘက်ခြမ်း နယ်တွေ ကို ကိုယ်ပိုင် စီမံ အုပ်ချုပ်ခွင့် အာဏာ တွေ ပိုမို အပ်နှင်းမယ့် ဥပဒေ ဆိုင်ရာ ပြုပြင် ပြောင်းလဲမှု ကို ပါလီမန် အမတ် တွေ က ထောက်ခံ ခဲ့တဲ့ အတွက် ပါလီမန် အဆောက်အဦ အပြင်ဘက် ဆန္ဒပြသူတွေ ဒေါသ ပေါက်ကွဲ ခဲ့ကြတာ ဖြစ်ပါတယ်။
ဆန္ဒပြသူတွေ က ဓာတ်ဆီပုလင်း လက်လုပ်ဗုံးတွေ အပါအဝင် လက်ပစ်ဗုံးတွေ နဲ့ ပစ်ခတ် ခဲ့လို့ ရဲ တစ်ဦး သေပြီး တခြား လူ ၁၀၀ ကျော်လည်း ဒဏ်ရာ ရရှိသွား ပါတယ်။
ဒီ အကြမ်းဖက် မှုတွေဟာ နောက်ကျောကို ဓားနဲ့ ထိုး တဲ့ အပြုအမူ ဖြစ်တယ် လို့ ယူကရိန်း သမ္မတ ပိုရိုရှင်ကို က ရှုတ်ချ လိုက်ပြီး ပါဝင် ပတ်သက် နေသူ တွေ ကို အပြစ်ပေးမယ် လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ က ရရှိထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အရ အခုလို ဥပဒေဆိုင်ရာ ပြုပြင်မှု တွေ ကို ယူကရိန်း အာဏာပိုင် တွေ ဘက်က လုပ်ဆောင် ပေး နေတာ ဖြစ်ပါတယ်။
စက်တင်ဘာ ၁ ရက်နေ့ က စလို့လည်း အစိုးရ တပ်တွေ နဲ့ ရုရှား ကျောထောက် နောက်ခံပြု အရှေ့ဘက် ခြမ်း က ခွဲထွက်ရေး သူပုန်တွေ အကြား သီတင်း တစ်ပတ်ကြာ အပစ်ရပ်မှု စတင်ဖို့ ရှိနေပါတယ်။




