အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်စာ ချုပ် သဘောတူ

ဓာတ်ပုံ ရင်းမြစ်, EPA
အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီဟာ ဘင်္ဂလားဒေ့ရှ်နဲ့ နယ်နိမိတ် သဘောတူ စာချုပ်ချုပ်ဖို့ ဘင်္ဂလားဒေ့ရှ် ကို ရောက်ရှိ နေပါတယ်။
အဲဒီစာချုပ် အရ တဖက်နိုင်ငံ နယ်နိမိတ် အတွင်းမှာ ကျရောက် နေတဲ့ ကိုယ့်နိုင်ငံ ပိုင်နက် နယ်မြေငယ် အချို့ကို အပြန်အလှန် လဲလှယ်ကြမှာ ဖြစ်ပါတယ်။
အဲဒီနယ်မြေ တွေမှာ နေထိုင်သူ လူငါးသောင်း အနေနဲ့ ကိုယ် ဘယ်နိုင်ငံသား ဖြစ်ချင် တယ်ဆိုတာကို ရွေးချယ်ခွင့် ရှိမှာ ဖြစ်ပြီး ကြိုက်တဲ့ နိုင်ငံ ဖက်မှာ နေ ထိုင်ခွင့်လည်း ရှိမှာ ဖြစ်ပါတယ်။
စနေ နေ့မှာလက်မှတ် ရေးထိုးလိုက် တဲ့ ဒီသဘောတူ စာချုပ် ဟာ ကိုလိုနီ ခေတ် ကတည်းက ဖြစ်ပွားလာခဲ့တဲ့ နယ်စပ် ပဋိပက္ခတွေ ဖြေရှင်းဖို့ တိုးတက်မှုတရပ် အဖြစ်ရှုမြင်ရ ပါတယ်။




