မလေးရှားနယ်စပ်မှာ အလောင်းတွေ မြှုပ်ထားတဲ့ ကျင်း၁၄၀ တွေ့

ဓာတ်ပုံ ရင်းမြစ်,
ထိုင်းနိုင်ငံနဲ့ ကပ်ရက် မလေးရှားနိုင်ငံ နယ်စပ်က လူသူအရောက်နည်းတဲ့ တောအုပ်ထဲမှာ အလောင်းတွေ မြှုပ်ထားတဲ့ ကျင်းပေါင်း ၁၄၀နီးပါးလောက် တွေ့ခဲ့တယ်လို့ မလေးရှား ရဲတွေက ပြောပါတယ်။
မိုင်ပေါင်း ၃၀ လောက် ရှည်လျားတဲ့ ထိုင်း မလေးရှား နယ်စပ်တလျှောက် သစ်တောတွေ ထဲ မှာ အဲဒီကျင်းတွေ တွေ့ခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့မေလ ၁၁ ရက်နေ့ က စလို့ တခုပြီးတခု တွေ့လာရတယ် လို့ သိရပါတယ်။
အဲဒီထဲမှာ အလောင်း တလောင်း ထက်မက မြှုပ်ထားတဲ့ ကျင်းတွေလည်း ရှိနိုင်တယ်လို့ မလေးရှား ရဲမှူးချုပ်က ပြောပါတယ်။
ဒါ့အပြင် လူမှောင်ခိုစခန်းဟောင်း ၃၀ နီးပါးလောက်ကိုလည်း ရှာတွေ့ခဲ့တယ်လို့ မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။
လူမှောင်ခိုသမားတွေရဲ့ စခန်းတွေထဲက အကြီးဆုံး စခန်းတွေဟာ ဆိုရင် လူပေါင်း ၃၀၀ လောက် ဆံ့တဲ့ အထိ ကြီးကြပါတယ်။
လူမှောင်ခိုသမားတွေဟာ ဒီစခန်းတွေကို အသုံးပြုပြီး မလေးရှားနိုင်ငံထဲကို နှစ်ပေါင်း အတော်ကြာ လူတွေ ခိုးသွင်းနေကြတာ ပါ။
လူမှောင်ခို ကူးခံရတဲ့အထဲမှာ မြန်မာနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ရွှေ့ပြောင်းလာတဲ့ သူတွေလည်း ပါ၀င်ပါတယ်။
အခုလ အစောပိုင်းတုန်းကလည်း ထိုင်းနိုင်ငံ နယ်စပ်နားမှာ အလောင်းတွေ မြှုပ်ထားတဲ့ အလားတူ ကျင်းတွေကို ရှာတွေ့ခဲ့ပါတယ်။








