ဥတုပြောင်းလဲမှုကြောင့် တရုတ်မှာ ထိခိုက်မှုတွေရှိ

china

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, တရုတ်မှာ ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချဖို့ လိုနေပြီ

တရုတ် ရာသီဥတု ဆိုင်ရာ ဌာနရဲ့ အကြီးအကဲက ရာသီဥတု ပြောင်းလဲမှုကြောင့် တရုတ်ပြည်မှာ ရိုက်ခတ်မှုတွေ ရှိနေပြီး ပိုကြီးမားတဲ့ ပြဿနာတွေကို ရင်ဆိုင်သွား ရဖွယ်ရှိတယ်လို့ ပြောလိုက်ပါတယ်။

ကျန်းဂေါင်ဂွမ်းက တရုတ်ပြည်မှာ မိုးခေါင်ရေရှားမှုတွေ တိုးလာသလို ၊ မုန်တိုင်းတွေလည်း ပိုဝင်လာကြောင်း နဲ့ အပူချိန်တွေလည်းမြင့်တက်လာနေတဲ့အကြောင်းပြောပါတယ်။

အဲဒါကြောင့် မြစ်ရေ စီးနှုန်းမမှန်တာတွေ၊ သီးနှံအထွက်နည်းတာတွေ ကြုံရတဲ့အပြင် အခြေခံအဆောက်အအုံတွေမှာပါ ထိခိုက်မှုတွေရှိလာစေတယ်လို့ ပြောပါတယ်။

ဆက်လက်ပြီး အနာဂတ်မှာ တရုတ်အနေနဲ့ ကာဘွန်ထုတ်လုပ်မှု လျှော့ချနိုင်ဖို့ လုပ်ဖို့ လိုကြောင်းပြောပါတယ်။

တရုတ်က သူ့ရဲ့ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လုပ်မှုတွေဟာ လာမယ့် ၂၀၃၀ မှာ အမြင့်ဆုံးကို ရောက်နိုင်မယ်လို့ မှန်းထားပါတယ်။