အီရန်နျူကလီယာအရေး ဆွေးနွေးခဲ့တာတွေမှာ တိုးတက်မှုရှိ

ဓာတ်ပုံ ရင်းမြစ်, AFP
အီရန်ရဲ့ နျုကလီယာ အရေးနဲ့ ပတ်သက်ပြီး သဘောတူ မှု တစ်ရပ် ပြုလုပ်မယ် ဆိုရင်၊ ရှု့ထောင့် အစုံကနေ ထည့်သွင်း စဉ်းစား သဘော တူထားတာ ဖြစ်ဖို့ လိုသလို၊ တာရှည် ခံရမယ်၊ သဘော တူထား သလို လိုက်နာ သလား ဆိုတာ ကို စမ်းစစ်ခွင့် လည်း ရှိရမှာ ဖြစ်တယ် ဆိုပြီး ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဖိလစ် ဟာမဲန် က ပြောပါတယ်။
အီရန်ရဲ့ နျူကလီယာ ရည်မှန်းချက် နဲ့ ပတ်သက်ပြီး အခု နောက်ဆုံး ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ ဆွေးနွေး မှု တွေ မှာ သိသာတဲ့ တိုးတက်မှု တွေ ရှိခဲ့တယ် ဆိုပြီး တော့လည်း ဝန်ကြီး ဟာမန်က ပြောပါတယ်။
အမေရိကန်၊ ပြင်သစ် နဲ့ ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီး တွေ နဲ့ လန်ဒန်မှာ တွေ့ဆုံ ခဲ့အပြီး ဝန်ကြီး ဟာမန်က အခုလို ပြောလာတာ ဖြစ်ပါတယ်။
သဘောတူမှု တစ်ရပ် ချုပ်ဆိုနိုင် ဖို့ လိုအပ်တဲ့ ခက်ခက်ခဲခဲ ဆုံးဖြတ်စရာ ရှိတာတွေ ကိုလည်း အခုလ မကုန်မီ ချမှတ်ပါ ဆိုပြီးတော့လည်း အီရန်ကို ဝန်ကြီး ဟာမန် က တိုက်တွန်း လိုက်ပါတယ်။
စောစောပိုင်း တုန်းကလည်း အီရန် နျူကလီယာ အရေး ညှိနှိုင်း နေမှု တွေမှာ တိုးတက်မှု တွေ ရရှိ လာကြောင်း အမေရိကန် ရော အီရန်ကပါ ပြောကြားခဲ့ပါတယ်။




