နျူကလီယာသဘောတူမှု အိုဘားမား သမ္မတသက်တမ်း ကျန်သလောက်ပဲ အတည်ဖြစ်နိုင်မယ်

ဓာတ်ပုံ ရင်းမြစ်, AP
အီရန် ရဲ့ နျူကလီယာ အရေး နဲ့ ပတ်သက်ပြီး ဘယ်လို သဘောတူ မှု တွေပဲ ရလာသည် ဖြစ်စေ လက်ရှိ သမ္မတ အိုဘားမား ရဲ့ လက်ထက် မှာပဲ အဲဒီ့ သဘောတူမှု တာရှည်ခံ မှာ ဖြစ်တယ် ဆိုပြီး အမေရိကန် အတိုက်အခံ ရီပတ်ဘလေကဲန် ပါတီဝင် ဆီးနိတ် လွှတ်တော် ကိုယ်စားလှယ် တွေ က အီရန် ခေါင်းဆောင် တွေ ကို သတိပေး ပြောကြား လိုက်ပါတယ်။
ရီပတ်ဘလေကဲန် ဆီနိတ်တာ ၄၇ ဦး စုပေါင်း လက်မှတ်ထိုးပြီး အိပ်ဖွင့်ပေးစာ တစ်စောင် ကို အီရန် အစိုးရဆီ ပို့ခဲ့တာ မှာ၊ အီရန် ရဲ့ နျူကလီယာ အရေး ဆွေးနွေး နေတာ တွေ ကနေ ရလာမယ့် သဘောတူမှု ဟာ အမေရိကန် ကွန်ဂရက်စ် လွှတ်တော် က အတည်ပြု မပေးမချင်း လက်ရှိ သမ္မတ ရဲ့ အုပ်ချုပ်ရေး အာဏာကို အသုံးပြုမှု သက်သာ သာ ဖြစ်တယ် ဆိုပြီး တော့ ပါဝင် ပါတယ်။
အဲဒီ့ အဓိပ္ပာယ် ဟာ နောက် သမ္မတ အသစ် တက်လာ ခဲ့ရင် သဘောတူမှု ကို ရုတ်သိမ်း နိုင်တယ် လို့ ဆိုလိုတာ ဖြစ်ကြောင်း လည်း စာထဲ မှာ ရေးသား ထားပါတယ်။
ရီပတ်ဘလေကဲန် အထက် လွှတ်တော် အမတ်တွေ က အခုလို လုပ်ဆောင် လာတာ ဟာ သမ္မတ အိုဘားမား ရဲ့ နိုင်ငံခြားရေး မူဝါဒ ကို တိုက်ခိုက်ဖို့ အတွက် ပါတီစွဲ အပြုမူ တွေ ဆက်လက် လုပ်ဆောင် တာ ဖြစ်တယ် ဆိုပြီး အမေရိကန် အစိုးရ က ရှုတ်ချ လိုက်ပါ တယ်။
အီရန် နိုင်ငံခြားရေး ဝန်ကြီး ကလည်း ဒီစာ ကို ဝါဒဖြန့်မှု တစ်ရပ် အဖြစ် ရှုတ်ချ ခဲ့ပါတယ်။




