အမေရိကန် drone တိုက်ခိုက်မှုအတွင်း Al Shabaab ခေါင်းဆောင် သေဆုံး

ဆိုမားလီးယား နိုင်ငံမှာ ရှိတဲ့ Al Shabaab လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်ကို အမေရိကန် တပ်ဖွဲ့က လေကြောင်းကနေ မောင်းသူမဲ့ drone လေယာဉ်နဲ့ တိုက်ခိုက်မှု တခု အတွင်း ချေမှုန်းလိုက် နိုင်ပြီလို့ Pentagon အမေရိကန် စစ်ဌာနချုပ်က ပြောပါတယ်။
လွန်ခဲ့တဲ့ နှစ်နှစ်က ကင်ညာနိုင်ငံက စျေးရုံတခု တိုက်ခိုက်ခံရခဲ့မှုကို စီစဉ် ညွှန်ကြားခဲ့သူအဖြစ် စွပ်စွဲခံထားရသူ အဲဒီ Adnan Garaar ဟာ သောကြာနေ့တုန်းက ဆိုမားလီးယား နိုင်ငံ တောင်ပိုင်းမှာ Hellfire မစ်ဆိုင်းဒုံး တပ်ထားတဲ့ drone လေယာဉ်နဲ့ တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေး တာဝန်ရှိ ပုဂ္ဂိုလ်တွေက ပြောပါတယ်။
အမေရိကန်တို့က အသေအချာ စီစဉ် ပြီးမှ Adnan Garaar ကို ပစ်မှတ်ထား အတည်ပြု တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
သူ့အရင် ခေါင်းဆောင် အာမက်ဒ် ဂိုဒါနီ အပါအဝင် Al Shabaab အဖွဲ့ထဲက တခြား ထိပ်တန်း ခေါင်းဆောင်တွေကိုလည်း အမေရိကန် တပ်ဖွဲ့တွေက drone လေယာဉ်နဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။




