ထ​ရိုင်​ကာ ကိုယ်စားလှယ်​တွေ​နဲ့ မ​ဆွေးနွေး​လို​ကြောင်း ဂ​ရိ ပြော​ကြား​

greece_eurozone

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဂရိ အနေနဲ့ တစ်ကိုယ်တော် ဆုံးဖြတ်ချက် တွေ မပြုလုပ်ဖို့ နယ်သာလန် ဝန်ကြီး က အကြံ ပြု။

ဂရိနိုင်ငံ အနေနဲ့ သူတို့ရဲ့ နိုင်ငံတကာ မြီရှင်တွေ ဖြစ်တဲ့ ထရိုင်ကာ လို့ ခေါ်တဲ့ အဖွဲ့အစည်း တွေက ကိုယ်စားလှယ် တွေ နဲ့ ကြွေးမြီ ကိစ္စ မဆွေးနွေး လိုဘူး ဆိုပြီး ဥရောပ ငွေကြေး စျေးကွက် အဖွဲ့ရဲ့ ထိပ်တန်း အရာရှိ တစ်ဦး ကို ဂရိ ဘဏ္ဍာရေး ဝန်ကြီး ယားနစ် ဗာရိုဇားကစ် က ပြောလိုက်ပါတယ်။

နယ်သာလန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီး ယရူန်း ဒိုင်ဆလ် ဆလွန်းမ် နဲ့ အေသင်မြို့ မှာ တွေ့ဆုံစဉ် ဂရိဘက် က အခုလို ပြောဆို လာတာ ဖြစ်ပါတယ်။

နိုင်ငံတကာ ကြွေးမြီ တွေနဲ့ ပတ်သက် လို့ သဘော တူညီမှု အသစ် တွေ ရရှိလာ အောင် ဂရိ နိုင်ငံ အနေနဲ့ ကြိုးစားတာ မှာ တစ်ကိုယ်တော် ဆုံးဖြတ်ချက် တွေ မပြုလုပ် ဖို့ နယ်သာလန် ဝန်ကြီး က အကြံ ပြုခဲ့ ပါတယ်။

ဂရိ ဘဏ္ဍာရေး ဝန်ကြီး အနေနဲ့ ကြွေးမြီ ကိစ္စ တွေကို ဥရောပ နိုင်ငံရေး ခေါင်းဆောင်တွေ၊ ဥရောပ အဖွဲ့အစည်းတွေ နဲ့သာ ဆွေးနွေး လိုတဲ့ သဘောထား ရှိတယ် ဆိုပြီး အေသင် မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။