ကန်နဲ့ ကျူးဘား ဆက်ဆံရေး ပုံမှန်ဖြစ်ဖို့ လုပ်ဆောင်မယ်

ဓာတ်ပုံ ရင်းမြစ်, Reuters
အမေရိကန်နဲ့ ကျူးဘား နှစ်နိုင်ငံ ဆက်ဆံရေးမှာ သမိုင်းဝင် ပြောင်းလဲမှု အဖြစ် နှစ်နိုင်ငံကြား ဆက်ဆံရေး ပုံမှန် ပြန်ဖြစ်စေဖို့ အတွက် ဆွေးနွေး ပြောဆိုမယ့် အစီအစဉ် တွေကို စတင်ဖို့ ရှိတယ်လို့ သတင်းတွေက ဆိုပါတယ်။
ကျူးဘား နိုင်ငံ ဟာဗားနား မြို့မှာ လာမယ့် လအနည်းငယ် အတွင်း အမေရိကန် သံရုံး ဖွင့်လှစ်ဖို့ ရည်ရွယ် ထားတယ် လို့လည်း အမေရိကန် အရာရှိတွေက ပြောပါတယ်။
အခုလို နှစ်နိုင်ငံ ဆက်ဆံရေး ပုံမှန် ပြန်ဖြစ်စေဖို့ ရည်ရွယ် လုပ်ဆောင်တဲ့ အစီအစဉ်တွေရဲ့ တစိတ်တပိုင်း အဖြစ် အစောပိုင်းကလည်း နှစ်နိုင်ငံ အကျဉ်းသား လဲလှယ်ရေး အစီအစဉ် တစ်ခု လုပ်ခဲ့ပြီး ကျူးဘားက ဖမ်းဆီးထားတဲ့ အမေရိကန် နိုင်ငံသား Alan Gross နဲ့ အမေရိကန်က ဖမ်းဆီး ထားတဲ့ ကျူးဘား နိုင်ငံသား ၃ ယောက်တို့ကို အပြန်အလှန် လွှတ်ပေး ခဲ့ကြပါတယ်။
၆၅ နှစ် အရွယ် အမေရိကန် နိုင်ငံသား မစ္စတာ Gross ဟာ ကျူးဘား နိုင်ငံမှာ နှောင့်ယှက် ဖျက်ဆီးဖို့ ကြံစည် ဖျားယောင်းမှုနဲ့ စွဲဆိုခံရတာ ဖြစ်ပြီး ထောင်ထဲမှာ ၅ နှစ် နေခဲ့ရပါတယ်။




