စကော့တလန် အရေး ဘုရင်မကြီး မှတ်ချက်ပေး

_queen_jubilee_scotland

ဓာတ်ပုံ ရင်းမြစ်, PA

ဓာတ်ပုံ ပုံစာ, ဘုရင်မကြီး Queen Elizabeth

စကော့တလန် အနေနဲ့၊ ယူကေနိုင်ငံ ကနေ သီးခြား လွတ်လပ်ရေး အရယူမလား ဆိုတာ ဆုံးဖြတ်မယ့်၊ ကျင်းပ လာတော့မယ့် လူထုဆန္ဒ ခံယူပွဲနဲ့ ပတ်သက်ပြီး၊ ဘုရင်မကြီး Queen Elizabeth ဟာ၊ ပထမဦးဆုံး အကြိမ် အနေနဲ့ လူသိထင်ရှား မှတ်ချက် သဘောထား ပြုခဲ့ရာမှာ လာမယ့် ကြာသပတေးနေ့ ဆန္ဒမဲတွေ ထည့်ကြတဲ့အခါ၊ ပြည်သူတွေ အနေနဲ့ အနာဂတ် အရေး ကို သေသေချာချာ စဉ်းစားပြီး၊ မဲပေးကြ ဖို့ မျှော်လင့်ပါကြောင်း ပြောခဲ့ပါတယ်။

ဘုရင်မကြီး ရဲ့ အခုလို မှတ်ချက် အပေါ် ခွဲမထွက်လိုသူ တွေ အနေနဲ့ ကျေနပ် နှစ်သက် နိုင်တယ် ဆိုပြီး၊ သတင်းထောက်တွေ က သုံးသပ်နေပါ တယ်။

ဒါပေမယ့်၊ တော်ဝင် မိသားစု ရဲ့ ပြောခွင့်ရသူ တွေ ကတော့ ဘုရင်မကြီး ရဲ့ အခုလို မှတ်ချက်ဟာ နိုင်ငံရေးအရ ဘက်လိုက်မှု မရှိရဘူးဆိုတဲ့ ပဋိညာဉ် ခံမှု အပေါ် ချိုးဖောက်ရာ မရောက်ကြောင်း ဆိုပါတယ်။

ဘုရင်မကြီးဟာ စကော့တလန်နိုင်ငံ မှာရှိတဲ့ သူမ ပိုင်ဆိုင်တဲ့ Balmoral အရပ် အနီးက Crathie ချာ့ချ်ကျောင်း အရှေ့ လူအများနဲ့ တွေ့ဆုံ နှုတ်ဆက်ရာမှာ အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။