ခေါင်းဖြတ်မှုကြောင့် ကန် တုံ့နှေးသွားမှာ မဟုတ်ဟုဆို

ဓာတ်ပုံ ရင်းမြစ်, Reuters
အမေရိကန် သတင်းထောက် နောက်ထပ် တစ်ယောက်ကို အစ္စလာမ္မစ် နိုင်ငံအဖွဲ့ IS တပ်တွေက ခေါင်းဖြတ် သတ်ဖြတ်မှု အတွက် အမေရိကန် ဘက်က တုံ့နှေး သွားမှာ မဟုတ်ဘူးလို့ သမ္မတ အိုဘားမားက ပြောကြား လိုက်ပါတယ်။
သတင်းထောက် Steven Sotloff ကို သတ်ဖြတ်တဲ့ ရိုင်းစိုင်း ကြမ်းကြုတ်တဲ့ လုပ်ရပ်ဟာ ကမ္ဘာ့ လူသား အားလုံးကို အော့နှလုံး နာစေခဲ့တယ် လို့လည်း အိုဘားမားက ပြောပါတယ်။
အခု နောက်ဆုံး သတ်ဖြတ်မှုကြောင့် အကြမ်းဖက်မှု နှိမ်နင်းဖို့ ချမှတ် ထားတဲ့ အမေရိကန်ရဲ့ သန္နိဋ္ဌာန် ကို ပိုမို ခိုင်မာ လာစေတယ် လို့လည်း အက်စတိုးနီးယား နိုင်ငံမှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သူက ပြောပါတယ်။
IS တပ်တွေက လွှင့်တင်တဲ့ ဗီဒီယို ထဲက သတင်းထောက် Steven Sotloff ကို သတ်တဲ့ သူဟာ အရင်လက အမေရိကန် သတင်းထောက် ဂျိမ်းစ် ဖိုလီကို သတ်တဲ့သူ နဲ့ အတူတူ ဖြစ်ပုံရတယ် လို့လဲ ဗြိတိသျှ အစိုးရက ပြောကြား ပါတယ်။




