ထိုင်းလွှတ်တော်သစ် ဖွဲ့ဖို့ ကြေညာ

ဓာတ်ပုံ ရင်းမြစ်,
ထိုင်း စစ်တပ်က အမတ် နေရာ အများ အပြား ယူထား မယ့် လွှတ်တော်သစ် ကို ၂ လ အတွင်း ခေါ်ယူ ပြီး ကြားဖြတ် အစိုးရ ဖွဲ့စည်း သွားမယ် လို့ ထိုင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာ က ကြေညာ ခဲ့ပါတယ်။
တနှစ် အတွင်း အခြေခံ ဥပဒေသစ် ရေးဆွဲ သွားမှာ ဖြစ်ပြီး အဲဒိနောက် ၃ လ အတွင်း ရွေးကောက်ပွဲတွေ လုပ်မယ် လို့လဲ ဗိုလ်ချုပ်ကြီး ပရာယွတ် က ရုပ်သံက ကြေညာ ခဲ့ပါတယ်။
စစ်တပ်က အာဏာ ကို အဲဒိချိန်ထိ တင်းတင်း ကျပ်ကျပ် ဆက်ကိုင် ထားမယ် ဆိုတာ ရှင်းအောင် ဗိုလ်ချုပ်ကြီး ပရာယွတ်က ပြောလိုက် တာပဲလို့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။
အရင်လ အာဏာသိမ်း ပွဲ နောက်ပိုင်း ဒီမိုကရေစီ ပြန်တည်ဆောက်ရေး မှာ ထိုင်းစစ်တပ် ရဲ့ ဝေဝါးမှု တွေကို နိုင်ငံတကာ က ဝေဖန် နေကြပါတယ်။




