အီရတ် ဗုံးခွဲမှုတွေ တိုးလာ၊ အများအပြား သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Reuters
အီရတ် နိုင်ငံမှာ ကားဗုံးခွဲ တိုက်ခိုက်မှုတွေ တိုးပွားလာနေပြီး ဘဂ္ဂဒက် မြို့တော်နဲ့ ဟေလာ မြို့တွေမှာ အဓိက ပစ်မှတ်ထား တိုက်ခိုက်ခံ နေရပါတယ်။
ဘဂ္ဂဒက် တောင်ဘက်မှာ တည်ရှိတဲ့ ဟေလာ မြို့က ကျန်းမားရေးဌာနတွေရဲ့ သတင်းတွေအရ ဆေးရုံကြီးမှာ အခုအချိန်အထိ ကားဗုံးဖေါက်ခွဲမှု ၇ ခု ကြောင့် အလောင်း ၃၅ လောင်း ရရှိထားပြီလို့ ပြောပါတယ်။
ဘဂ္ဂဒက်မြို့မှာလည်း ရှီယာ မွတ်ဆလင်တွေ အဓိက နေထိုင်ရာအရပ်မှာ တိုက်ခိုက်ခံခဲ့ရပြီး လူ ၁၄ ဦး သေဆုံးသွားပါတယ်။
ပြီးခဲ့တဲ့လကလည်း ရှီယာတွေနဲ့ အစိုးရပိုင်းကို အဓိကထား တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် လူပေါင်း ၁ ထောင်ကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။




