မင်းသမီးနဲ့ကိစ္စ ပြင်သစ် သမ္မတ တရားစွဲမယ်

ပြင်သစ် မင်းသမီးနဲ့ သမ္မတ ကိစ္စ လူပြောများနေ။
ဓာတ်ပုံ ပုံစာ, ပြင်သစ် မင်းသမီးနဲ့ သမ္မတ ကိစ္စ လူပြောများနေ။

ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လန်းဟာ ပြင်သစ် မင်းသမီး ဂျူလီ ဂေးယတ်နဲ့ ဇာတ်လမ်း ဖြစ်ခဲ့တယ်လို့ ရေးသား ခဲ့တဲ့ ပြင်သစ် အခြေစိုက် Closer မဂ္ဂဇင်းကို တရားစွဲဖို့ စဉ်းစား နေကြောင်း သမ္မတက ထုတ်ဖော် ပြောကြားလိုက် ပါတယ်။

ဒီစွပ်စွဲချက်တွေ အပေါ် သမ္မတက ငြင်းဆိုခြင်းတော့ မရှိပါဘူး။ ဒါပမေယ့် သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ အပေါ် ကျူးလွန် နှောင့်ယှက် တာကို တော့ အပြင်း အထန် ကန့်ကွက် တယ်လို့ သူက ပြောပါတယ်။

မစ္စတာ အော်လန်းဟာ သမ္မတ နန်းတော် အနီးက တိုက်ခန်း တစ်ခုမှာ မင်းသမီး မစ် ဂေးယတ်နဲ့ ညဘက်တွေမှာ ပုံမှန် လိုလို အတူ နေခဲ့တယ် ဆိုတဲ့ ကောလဟာလတွေကို တကယ် ဟုတ်မှန်ကြောင်း သက်သေ ပြနိုင် ခဲ့တယ်လို့ အဲဒီ မဂ္ဂဇင်း ကနေ ဓာတ်ပုံ အများ အပြားနဲ့ ထုတ်ဖော် ရေးသား ခဲ့တာ ဖြစ်ပါတယ်။

အနက်ရောင် ဆိုက်ကယ် ဦးထုပ် ဆောင်းထားတဲ့ အမျိုးသား တစ်ဦး ဆိုင်ကယ် မောင်းသမား နောက်ကနေ စီးနင်း လာတဲ့ ဓာတ်ပုံ အများ အပြားကို မဂ္ဂဇင်းမှာ ဖော်ပြထားပြီး အခုလို လုံခြုံရေး တစ်ဦးတည်းသာ သမ္မတနဲ့ လိုက်ပါ တာဟာ လုံခြုံရေး အတွက်လည်း ပြဿနာ ရှိတယ်လို့ မဂ္ဂဇင်းက ရေးသားထား ပါတယ်။