မန်ဒဲလားအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်

မန်ဒဲလား အဖြစ်သရုပ်ဆောင် မင်းသားနဲ့ မန်ဒဲလား ဇနီးသည်
ဓာတ်ပုံ ပုံစာ, မန်ဒဲလား အဖြစ်သရုပ်ဆောင် မင်းသားနဲ့ မန်ဒဲလား ဇနီးသည်

တောင်အာဖရိက သမ္မတဟောင်း နယ်ဆင် မန်ဒဲလား ရဲ့ ဘ၀ အကြောင်း ရိုက်ကူးထားတဲ့ 'Long Walk to Freedom' လွတ်လပ်ခြင်း အတွက် ခရီးရှည် ဆိုတဲ့ ရုပ်ရှင်ဇတ်ကားကို ဂျိုဟန်နာစဘတ် မြို့မှာ အကြိုပွဲ ပြသခဲ့ပါတယ်။

အသက် ၉၅နှစ် ရှိပြီဖြစ်တဲ့ မစ္စတာ မန်ဒါလား ဟာ ကျန်းမာ စောင့်ရှောက်မှုတွေ ဆက်လက် ခံယူနေရပြီး သူ့ရဲ့ ဆွေမျိုး အများအပြားကတော့ အဲဒီပွဲကို လာရောက် ကြည့်ရှုခဲ့ကြပါတယ်။

အဲဒီ ဇတ်ကားမှာ မစ္စတာ မန်ဒဲလား အဖြစ် ဗြိတိသျှ ရုပ်ရှင်မင်းသား Idris Elba က သရုပ်ဆောင်ခဲ့ပြီး ငယ်စဉ် ကလေးဘဝ ကိတ်ပ်တောင်းမြို့ အရှေ့ဖက်မှာ ကြီးပြင်းလာတာက စလို့ ၁၉၉၄ ခုနှစ် တောင်အာဖရိကမှာ ပထမဆုံး လူမည်း သမ္မတ ဖြစ်လာတဲ့ အချိန်အထိ ဇတ်ကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

အဲဒီကားကို အခုလကုန်ပိုင်းမှာ တောင်အာဖရိက က ရုပ်ရှင်ရုံတွေမှာ စတင်ပြသမယ်လို့ သိရပါတယ်။