နယ်လ်ဆင် မန်ဒဲလား ဆေးရုံကဆင်းပြီ

သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလား
ဓာတ်ပုံ ပုံစာ, သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလား

ဇွန်လကတည်းက အဆုတ်ဝေဒနာနဲ့ ဆေးရုံတက်နေရတဲ့ တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလား ဆေးရုံက ဆင်းသွားပြီလို့ တောင်အာဖရိက အစိုးရကပြောပါတယ်။

သမ္မတဟောင်းရဲ့ ကျန်းမာရေး အခြေအနေဟာ စိုးရိမ်နေရဆဲ ဖြစ်ပြီး ဆေးရုံမှာ အထူးကြပ်မတ် ကုသပေးသလိုမျိုး ဂျိုဟန်နစ်စဘတ်မြို့က သူ့နေအိမ်မှာလည်း စီစဉ်ဆောင်ရွက်ပေးထားတယ်လို့ သမ္မတရုံး ဝက်ဆိုက်မှာ ဖေါ်ပြထားပါတယ်။

သူ့ကျန်းမာရေး ပြန်ကောင်းလာဖို့ကိုလည်း ဆုမွန်ကောင်း တောင်းလိုက်တယ်လို့ သမ္မတရုံးက ပြောထားပါတယ်။

မန်ဒဲလားဟာ တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံး လူမည်း သမ္မတဖြစ်ပြီး နိုင်ငံရဲ့ ဖခင်ကြီးအဖြစ်ပြည်သူတွေက ကြည်ညို လေးစားခြင်းခံရသူဖြစ်ပါတယ်။