မြန်မာ သတင်း လွတ်လပ်ခွင့် မရေရာ

မြန်မာနိုင်ငံမှာ နေ့စဉ် သတင်းစာတွေ ထွက်လာပြီး လွတ်လပ်ခွင့်တွေ ရှိလာတယ် ဆိုပေမယ့် သတင်းစာ လွတ်လပ်ခွင့် ကို မေးခွန်းထုတ် နေကြဆဲ ဖြစ်ပါတယ်။
နေ့စဉ် သတင်းစာ ထုတ်ဝေခွင့်နဲ့ သတင်း လွတ်လပ်ခွင့် တွေမှာ ရေရာတဲ့ အာမခံချက် မရှိသေးဘဲ ကိုယ့်မီဒီယာကို ကိုယ်ပြန်ထိန်း နေရဆဲ ဖြစ်ကြောင်း Eleven Media Group ရဲ့ CEO ဒေါက်တာ သန်းထွဋ်အောင်က ထောက်ပြပါတယ်။
သတင်း မီဒီယာ နဲ့ ပတ်သက်ပြီး အစိုးရ ဘက်က သွယ်ဝိုက် ထိန်းချုပ်ဖို့ ဥပဒေ တွေ ပြဋ္ဌာန်း နိုင်ဖို့ ကြိုးစား နေတယ်လို့ သူက ယူဆပါတယ်။
၂ဝ၁၅ ရွေးကောက်ပွဲမှာ လွတ်လပ်မျှတပြီး တာဝန်ယူတဲ့ အစိုးရ ပေါ်ထွန်း လာမှ သတင်း လွတ်လပ်ခွင့်နဲ့ မီဒီယာ ဖွံ့ဖြိုးမှုတွေ ရှိလာမယ်လို့ ယုံကြည် ကြောင်း ဒေါက်တာ သန်းထွဋ်အောင်က ဘီဘီစီကို ပြောဆိုပါတယ်။




