ပါကစ္စတန် ဖောက်ခွဲမှု လူ ၃၀ ကျော် သေဆုံး

ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါမြို့မှာ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၃၀ ကျော်သေဆုံးပြီး ၇၀ ဒဏ်ရာရခဲ့ပါတယ်။
လူစည် ကားတဲ့ စျေးတ စျေးမှာ ဒီနေ့ တနင်း ဂနွေနေ့ မနက်မှာ ဗုံး ၂ လုံးပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
ဒီဗုံးပေါက်ကွဲမှုကြောင့် စျေးဆိုင်တွေ မော်တော်ကားတွေ မီးလောင်ပျက်စီးခဲ့ပါတယ်။
မော်တော်ကား တစီးပေါ်မှာ အချိန် ၂၀၀ ကီလိုဂရမ်ရှိတဲ့ ဖောက်ခွဲပစ္စည်းတွေ တင်ဆောင်ပြီး ရဲစခန်းအနားမှာ ကားရပ်နား ပါကင်ထိုးပြီးမှ ဖောက်ခွဲခဲ့တာလို့ ရဲအဖွဲ့က သံသယရှိပါတယ်။
အခု ဗုံးပေါက်ကွဲမှုဟာ တပတ်အတွင်း တတိယ အကြိမ်ပေါက်ကွဲမှုလည်း ဖြစ်ပါတယ်။




