BBC

BBC navigation

လူဝင်မှု ဥပဒေ ပြောင်းဖို့ အိုဘားမားပြော

နောက်ဆုံး ရေးသားချိန် 30 ဇန်နဝါရီလ 2013 - 00:48 GMT
obama_nevada_migration

လူဝင်မှု ဥပဒေတွေကို ပြောင်းချင်တဲ့ သမ္မတ အိုဘားမား

အမေရိကန် ပြည်ထောင်စု မှာတော့ လူဝင်မှု ကြီးကြပ်ရေး ဥပဒေတွေ နဲ့ ပတ်သက်လို့ ပြည့်ပြည့် စုံစုံ သုံးသပ် ပြောင်းလဲဖို့ အချိန် ရောက်လာပြီ ဖြစ်တယ်လို့ သမ္မတအိုဘားမား ကပြောလိုက် ပါတယ်။

သမ္မတ အိုဘားမားက အခုလက်ရှိ ကျင့်သုံး နေတဲ့ လုပ်ထုံးလုပ်နည်း တွေဟာဖြင့် ခေတ်မမှီတော့ သလို အလုပ်လည်း မဖြစ်ဘူးလို့ ဆိုပါတယ်။

ဆက်လက်ပြီး အဲဒီ စနစ်က အမေရိကန် စီးပွားရေး ဖွံ့ဖြိုးပြီး အလယ်အလပ် တန်းစား တွေ ပိုမို အခြေခိုင် လာအောင် လုပ်ပေး ရမယ့် အစား နောက်ပြန် ဆွဲနေတယ်လို့လည်း ပြောပါတယ်။

အမေရိကန်မှာ တရားမဝင် ရောက်ရှိ နေပြီးဖြစ်တဲ့ လူ ၁၁ သန်းကို နိုင်ငံသား ဖြစ်ခွင့်ပေးဖို့ အတွက် ဒီမိုကရက်နဲ့ ရီပတ်ပလစ်ကန် အမတ်တွေ ပါဝင်တဲ့ အဖွဲ့က ပြီးခဲ့တဲ့ တနင်္လာနေ့က အကြံပြု ခဲ့တဲ့ အစီအစဉ် ကို သူ သဘောတွေ့ အားရတဲ့ အကြောင်းလည်း သမ္မတက ပြောပါတယ်။

သူက အစိုးရမှာ ဒီပြဿနာ တွေကို ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ အသင့် ဖြစ်နေပြီ ဖြစ်ကြောင်းနဲ့ တကယ်လို့ ကွန်ဂရက် လွှတ်တော်က ဒီအတွက် မလုပ်ရင်တောင် သူကိုယ်တိုင် အဆိုပြုလွှာတွေ တင်သွင်းပြီး မဲခွဲ ဆုံးဖြတ်သွားဖို့ လုပ်မှာဖြစ်ကြောင်း ပြောကြား သွားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။

]]>